26 C
Yangon

မင်းလှ၊ ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၇ ဦးသေဆုံး၊ ဆားချောင်းရွာရှိ နေအိမ်အလုံး ၃၀ ကို စစ်တပ်က မီးရှို့ ဖျက်ဆီး

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

ပဲခူးတိုင်း၊ မင်းလှမြိုနယ်၊ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်း ဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေးတပ်များက စောင့်ကြိုတိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။

ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်အချိန် မင်းလှမြို့နယ်၊ ဆားချောင်း ကျေးရွာထိပ်ရှိ လယ်ကွင်းများထဲမှ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်၍ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့နောက် ဒဏ်ရာရစစ်သား ၂ ဦး ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်း ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်းရှိကြောင်း သိရသည်။

“အခုတော့ ငမိုးရိပ်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ စလာတာက ငလှမ်းစမ်းဘုန်းကြီး ကျောင်းမှာ တပ်စွဲထားတဲ့ စကစတွေပါ။ ဆားချောင်းရွာ ဘက်ကနေ အင်အား ၁၅၀ လောက်နဲ့ လယ်ကွင်းတွေဖြတ်ပြီး ရိုးမပေါ်တက်လာတာ ကျွန်တော်တို့က အပေါ်စီးကနေ ဆော်ရတာမို့ အသာ စီးရတယ်။ မျက်မြင်သေတာ ၅ ဦး၊ ၂ ဦးကတော့ သူတို့ တပ်စွဲထားတဲ့ ငလှစမ်းရွာ ဘုန်းကြီးကျောင်း ကို ဆိုင်ကယ်နဲ့ သယ်သွားတုန်း လမ်းမှာတင်သေသွားတယ်။ ဒဏ်ရာရတဲ့သူတွေကို အိမ်စီးကားနဲ့ အပြည့်ပဲ ၁၀ ယောက်မကဘူး အဲဒီထဲမှာလည်း သေတာပါနိုင်တယ်။ ပရဟိတကား တွေနဲ့ ပြည်ဆေးရုံကို သယ်သွားတာ အဲဒီထဲကလည်း သေဆုံးတိုးလာနိုင်တယ်” ဟု သာယာဝတီ ခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှတာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃၊ တပ်ခွဲ ၂ နှင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃ (Myanmar Defense Force) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်သားများက ဆားချောင်းကျေးရွာရှိ ပြည်သူများ၏ နေအိမ်များမှ တန်ဖိုးရှိပစ္စည်းများကို ခိုးယူကာ နေအိမ် အလုံး ၃၀ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်သားများ တပ်ဆုတ်သွားသည့် နေရာကို နယ်မြေရှင်းလင်းစဉ် ခမရ ၅၃၄ အလံ ၁ ခု ၊ ၇၉ ကျည်ခွံများ နှင့် စစ်သုံးဖိနပ် ၁ ရံတို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်ဘေးရှောင်ပြည်သူများမှာ အကူအညီများ လိုအပ်နေကြောင်း သိရှိရသည်။

“အိမ်တွေ မီးရှို့ခံရတဲ့ရွာတွေကနေ စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေက တိုက်ပွဲ ထပ်ဖြစ်လာမှာ ကြောက်ပြီး တောထဲမှာ တဲထိုး နေနေကြတယ်။ မိုးတွေကလည်းရွာဆိုတော့ သူတို့တွေ အတော်ဒုက္ခရောက်နေကြတယ်။ မလုံမခြုံနဲ့ ဖြစ်နေတော့ မကြည့်ရက်လို့ ပြည်တွင်းပြည်ပက မိဘ ပြည်သူတွေအနေနဲ့ စစ်ဘေးရှောင် ပြည်သူတွေကို ဝိုင်းဝန်းကူညီပေးကြပါလို့မေတ္တာရပ်ခံချင်ပါတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှတာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သားများက ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများ လုပ်ဆောင်နေခြင်းကြောင့် တိုက်ပွဲများ ဆက် လက်ဖြစ်ပေါ်လာနိုင်သည့်အတွက် ပြည် သူများ အနေဖြင့် အကြမ်းဖက်စစ်သားများအနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က အသိပေး ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article