25 C
Yangon

နေပြည်တော် အေလာ လေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် အပစ်ခံရပြီးနောက် ပန်းတင်ကျေးရွာအနီးမှ လယ်သမားများ၊ မြက်ရိတ်နေသူများကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားပြီး အဆက်အသွယ်ပြတ်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၁၇

နေပြည်တော် အေလာ လေတပ်စခန်း ရှော့တိုက်ဒုံးဖြင့် အပစ်ခံရပြီးနောက် ပန်းတင်ကျေးရွာအနီးမှ လယ်သမားများ၊ မြက်ရိတ်နေသူများကို စစ်တပ်က ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူများ၏ မိတ်ဆွေတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် ခန့်တွင် နေပြည်တော် အေလာလေတပ်အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရှော့တိုက်ဒုံး ၅ လုံးသည် ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ပေါက်ကွဲခဲ့ကြောင်း၊ လေတပ်အရာရှိ ၄ ဦးနှင့် လေတပ်အခြား အဆင့်စစ်သည် ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် A-5 Bomber Jet Fighter ၁ စီး သုံးမရအောင် ပျက်စီးပြီး နောက်ထပ် Jet Fighter ၁ စီး ခေါင်းပိုင်းထိခိုက် ပျက်စီးခဲ့ကြောင်း၊ Y-12 Military Transport Aircraft ၁ စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထိုသို့ ရှော့တိုက်ဒုံးဖြင့် အပစ်ခံရပြီးနောက် စစ်ကောင်စီက ရဟတ်ယာဉ်များ၊ လေယာဉ်များကို အနိမ့်ပျံသန်းပြီး ရှော့တိုက်ဒုံးပစ်ခတ်သူများကို ရှာဖွေခဲ့ကြောင်း၊ ယင်းနောက် အေလာလေတပ်ကို ပစ်ခတ်ခဲ့သော လေတပ်၏ တောင်ဘက် ရ်နကုန်-မန္တလေး ကားလမ်းဟောင်း၊ ပန်းတင်ကျေးရွာအနီးမှ လယ် သမားများ၊ မြက်ရိတ်နေသူများကို စုစုပေါင်း ၁၀ ဦးကျော်ကို ရိုက်နှက်ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

“အသိတွေတင် ၁၀ ဦးကျော်တယ်၊ ပါသွားတာ။ အခြားလည်း ထပ်ဖမ်းသေးတယ်ကြားတယ်။ စုစုပေါင်း ၂၀ ကျော်လောက်တော့ အဖမ်းခံရတယ်ကြားတယ်။ ကျနော့်အသိတွေတော့ ပြန်မလွတ်သေးတဲ့အပြင် အိမ်က ဘယ်ကလိုက်ရမှန်းမသိဘူး။ အဆက်အသွယ်တွေပြတ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

နေပြည်တော် အေလာလေဆိပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ရာတွင် နောက်ထပ် ပျက်စီးမှုများအနေဖြင့် အဆောက်အဦး ၄ လုံး၊ လက်နက် ခဲယမ်းတိုက် ၁ လုံး၊ လေယာဥ်ပြုပြင်ရေး အပိုပစ္စည်း ဂိုဒေါင်ရုံတို့ မီးလောက်ပျက်စီးခဲ့ပြီး လေတပ်အရာရှိ ၃ ဦးနှင့် အခြားအဆင့် ၇ ဦးလည်းပျောက်ဆုံး နေကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှုကို Mountain Knights Civilian Defense Force (MKCDF) အဖွဲ့ နှင့် Mercury Revolution Force (MRF) သည် Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှု ဖြင့် တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ရဲဘော်အားလုံး ဘေးကင်းလုံခြုံစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ယမန်နေ့ နေပြည်တော် အေလာ လေတပ်ကို ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံးတစ်စင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယမန်နေ့ နေပြည်တော် အေလာ လေတပ်ကို ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံးတစ်စင်း။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article