ရန်ကုန်၊ ဇူလိုင် ၁၈
အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံဘဏ်ဖြစ်သော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) မှ ငွေကျပ် သိန်းပေါင်း လေးသောင်းကျော် အလွဲသုံးစားမှုဖြင့် အဆိုပါဘဏ်၏ ဦးဆောင် ညွှန်ကြားရေးမှူး ဒေါ်ကေသီကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
ဇူလိုင်လ ၁၂ ရက်နေ့တွင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီကို စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး MFTB က ပြည်တွင်းစီးပွားရေးကုမ္ပဏီတစ်ခုနှင့်ပူး ပေါင်း၍ ငွေကျပ် သန်း ၄၀၀၀ ကျော်( သိန်းလေးသောင်းကျော်)နှင့်ညီမျှသော နိုင်ငံခြားငွေများ ကို အလွဲသုံးစားပြုခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။
လက်ရှိတွင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီကို မြို့နယ်ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ၊ မြန်မာနှင့် နိုင်ငံတကာချိတ်ဆက်နေသော ကူးသန်းရောင်း၀ယ်မှုလုပ်ငန်းများအတွက် ငွေရေး ကြေးရေး ဆိုင်ရာလုပ်ငန်းများကို စစ်ကောင်စီလက်အောက်ခံ နိုင်ငံ တော်ပိုင်ဘဏ်တစ်ခုအနေဖြင့် ဝန် ဆောင်မှုပေးနေသော ဘဏ်တစ်ခုဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ – မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ်ကေသီ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar