32 C
Yangon

စစ်ကောင်စီ၏ ရေနံနှင့် သဘာဓာတ်ငွေ့ရှာဖွေရေး လုပ်ကွက်အသစ်များ ရှာဖွေရေးတွင် ရခိုင်ကမ်းလွန်ကို ထည့်သွင်းနိုင်ခြင်းမရှိတော့၊ ရခိုင်ပြည်၏ နေရာအများစုကို AA က ထိန်းချုပ်

Must read

ရန်ကုန်| ဇူလိုင် ၁၈

စစ်ကောင်စီ၏ ရေနံနှင့် သဘာဓာတ်ငွေ့ရှာဖွေရေး လုပ်ကွက်အသစ်များ ရှာဖွေရေးတွင် ရခိုင်ကမ်းလွန်ကို ထည့်သွင်းခြင်းမရှိတော့ကြောင်း စစ်ကောင်စီ ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယမန်နေ့ ဇူလိုင်လ ၁၇ ရက်နေ့တွင် ရန်ကုန်တိုင်း၊ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ)တွင် ကမ်းလွန်စီမံကိန်းများနှင့် ကုန်းတွင်းလုပ်ကွက်များမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးတက်ရှာဖွေထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး စစ်ကောင်စီ၏ စွမ်းအင်ဝန်ကြီး ကိုကိုလွင် တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် စစ်ကောင်စီက ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးတက်ထုတ် လုပ်နိုင်ရေးအတွက် ကမ်းလွန်စီမံကိန်းများနှင့် မအူပင် (တောင်) ရေနံနှင့် သဘာ ဝ ဓာတ်ငွေ့မြေတွင် ထုတ်လုပ်ရေးတွင်းနှင့် ရှာဖွေရေးတွင်းများ တူးဖော်ဆောင်ရွက်သွားမည့်အခြေအနေ၊ ဘုရားကုန်းဒေသ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ် လုပ်ရန် တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်မှုရလဒ်အပေါ် လေ့ လာဆန်းစစ် တွက်ချက်မှုအခြေအနေနှင့် လာမည့်ပွင့်လင်းရာသီအတွင်း စပါး ကြီးစမ်း၊ နတ်စင်ကုန်းဒေသတို့တွင် ဆိုက်စမစ်တိုင်းတာရေးလုပ်ငန်းများ ဆောင် ရွက်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများကို တင်ပြကြပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ဖြည့်စွက်ရှင်းလင်းကြောင်း၊ ရခိုင်ကမ်းလွန်တွင် ရေနံနှင့် သဘာဓာတ်ငွေ့ရှာဖွေရေး လုပ်ကွက်အသစ်များ ရှာဖွေမည့်အစီအစဉ် မပါဝင်တော့ ကြောင်း သိရှိရသည်။

လက်ရှိတွင် ရခိုင်ပြည်၏ မြို့နယ်အများစုကို အာရက္ခတပ်တော် AA က တိုက် ခိုက်သိမ်းပိုက်ထိန်းချုပ်နေခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့များမှာ ရခိုင်ကမ်းလွန်ဒေက အများဆုံးထွက်ပြီး လက်ရှိတွင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့သို့ တင်ပို့ရောင်းချနေကာ စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ အများဆုံးရှာဖွေပေးလျက်ရှိသည်။

စစ်အာဏာမသိမ်းမီ ရေးဆွဲအတည်ပြုခဲ့သည့် အစိုးရ၏ ရသုံးမှန်းခြေငွေစာ ရင်း (ဘတ်ဂျက်) အရ မြန်မာအနေဖြင့် ၂၀၂၂ မတ်လအထိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍမှ ဝင်ငွေ ကျပ် ၂,၃၀၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလျံခန့်) ရရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

၂၀၂၂ ခုနှစ်အတွင်း တရုတ်ကိုပို့သည့် ရခိုင်ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ကွက်မှ သဘာ၀ဓာတ်ငွေ့ ရောင်းချမှုကနေ အာဏာသိမ်း စစ်ကောင်စီက ဒေါ်လာ ၁ ဒသမ ၄၃ ဘီလီယံ ရရှိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယမန်နေ့ စစ်ကောင်စီ၏ စွမ်းအင်ဝန်ကြီး တက်ရောက်သော ရေနံနှင့်သဘာ၀ဓာတ်ငွေ့ လုပ်ကွက်သစ်ရှာဖွေရေး အစည်းအဝေး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယမန်နေ့ စစ်ကောင်စီ၏ စွမ်းအင်ဝန်ကြီး တက်ရောက်သော ရေနံနှင့်သဘာ၀ဓာတ်ငွေ့ လုပ်ကွက်သစ်ရှာဖွေရေး အစည်းအဝေး။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article