27 C
Yangon

၇၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့်မရသည့်အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူအနေဖြင့်ပါ လွမ်းသူပန်းခွေ ချခွင့်မရ

Must read

ရန်ကုန်၊ ဇူလိုင် ၁၉

ယနေ့ ကျရောက်သည့် ၇၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခွင့်မရသည့်အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူအနေဖြင့် ကိုယ်စား လွမ်းသူပန်းခွေချခွင့် မရကြောင်း သိရှိရသည်။

နေပြည်တော် အကျဉ်းထောင်တွင် အကြမ်းဖက် စစ်တပ်၏ မတရားဖမ်းဆီးအကျဉ်းချခံထားရသော ဒေါ်အောင်ဆန်းစုကြည်သည် ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ရသည့် အာဇာနည်နေ့ အခမ်းအနား တက်ခွင့်မရသည်မှာ ၄ နှစ်မြောက်ရှိလာပြီဖြစ်သည်။

ယနေ့ အာဇာနည်နေ့ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်း၏ သားအကြီးဖြစ်သူ အောင်ဆန်းဦးက လွမ်းသူပန်းခွေကို ကိုယ်တိုင်တက်ရောက်ချသွားသည်ကို မြင်တွေ့ရသည်။

၇၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို စစ်ကောင်စီဘက်မှ ဗိုလ်ချုပ်ကြီးတစ်ဦး တစ်ရောက်ခဲ့ပြီး ယခင်နှစ်များနည်းတူ အဆင့်နှိမ့်ချ ကျင်းပပြုလုပ်ခဲ့သည်။

ဓာတ်ပုံ – အာဇာနည်နေ့ အခမ်းအနားတက်ရောက်ခဲ့သော လူထုခေါင်းဆောင်နှင့်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo – Reuters ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အာဇာနည်နေ့ အခမ်းအနားတက်ရောက်ခဲ့သော လူထုခေါင်းဆောင်နှင့်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article