28 C
Yangon

မန္တလေးမြို့ရှိ အကြမ်းဖက်စစ်တပ်ပိုင် Mytel ရုံးချုပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပျူစောထီး ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၁၉

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်းနှင့် ၃၈ လမ်းရှိ အကြမ်းဖက်စစ်တပ်ပိုင် Mytel ရုံးချုပ် ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရုံးစောင့် ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၅ မှ စောဂျွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက် ၄ နာရီခွဲခန့်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်း နှင့် ၃၈ လမ်းရှိ အကြမ်းဖက်စစ်အုပ်စု ထောက်တိုင် Mytel ရုံးချုပ်ကို လက်နက်ကိုင်စောင့်နေသော အ ကြမ်းဖက်စစ်တပ် လက်အောက်ခံပြည်သူ့စစ်များကို အသေခံ ဒရုန်းတစ်စီးဖြင့် ဗုံးသီး တစ်လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ပျူစောထီးများ ကင်းစောင့်နေသည့် တဲပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ပျူ စောထီး ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“အသေခံဒရုန်းတစ်စီးနဲ့ ဗုံးသီး ၁ လုံးထဲပါ၊ အဓိကအဲဒီရုံးကို စောင့်နေတာက ပျူတွေပဲ၊ နေ့ခင်းဘက် တောင် လက်နက်နဲ့ ရုံးရှေ့ကင်းစောင့်ပါတယ်။ သူတို့အတော်ထိသွားတယ်၊ ကျတာက ခြံစည်းရိုးနဲ့ အဆောက်အဦး ကြား ပျူတွေ အိပ်ပြီး ကင်းစောင့်တဲ့ နေရာ ကျတာ။ ပြန်ပစ်တာတွေလည်းရှိတယ်။ စစ်ကားတွေ၊ ရဲကားတွေ၊ လူနာတင်ယာဉ်တွေလည်း ရောက်လာတယ်။ လက်ရှိမြို့ပေါ်မှာ အတော် စစ်ဆေးနေပါတယ်။ ကျနော်တို့ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု ရွှေဘိုခရိုင် တပ်ရင်း ၁၅ မှ စောဂျွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း နှင့် Civilian Military – Sagain Region Defense Force၊ Satan is Coming (CM – SRDF) တို့ ပူးပေါင်းကာ ဝရဇိန်အထူးစစ်ဆင်ရေး ၏ ဒုတိယအကြိမ်အဖြစ် တိုက်ခိုက်ခဲ့ခြင်းကြောင်း သိရသည်။

ဓာတ်ပုံ – ရန်ကုန်ရှိ အကြမ်းဖက်စစ်တပ်ပိုင် Mytel ရုံးချုပ်ကို တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်ရှိ အကြမ်းဖက်စစ်တပ်ပိုင် Mytel ရုံးချုပ်ကို တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article