အရာတော်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ၇၇ နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားပြုလုပ်
ရန်ကုန်၊ဇူလိုင် ၁၉
အရာတော်မြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီ၊ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့အတူပူးပေါင်းဦးဆောင်၍ ကျောင်းသား ပြည်သူအတူပူးပေါင်း၍ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် “ဖက်ဆစ်တပ်ကို တော်လှန်ကြ အာဇာနည်ဟာကိုးဦးမက” ဘန်နာကိုင်စွဲကာ ကျေးလက်လူထု သပိတ်စစ်ကြောင်းချီတက်ခဲ့ကြကြောင်း သိရှိရသည်။
သပိတ်စစ်ကြောင်းတွင် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျဆုံးခဲ့ရသော အာဇာနည် ၉ ဦးနှင့်တကွ ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံခဲ့ရသော အာဇာနည်သူရဲကောင်းများအား ဂုဏ်ပြုဦးညွတ်အလေးပြုခဲ့ကြကြောင်း သိရှိရသည်။