28 C
Yangon

လောင်းလုံးတွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ရင်းဘုတ်ရွာနှင့် ပြင်ချောင်းရွာကို စီးနင်းပြီး နေအိမ်များကို မီးရှိဖျက်ဆီး၊ ပြည်သူ ၁၀ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးသွား

Must read

ရန်ကုန်၊ ဇူလိုင် ၂၃

တနင်္သာရီတိုင်း၊ လောင်းလုံးမြိုနယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ရင်းဘုတ်ရွာနှင့် ပြင်ချောင်းရွာကို စီးနင်းပြီး နေအိမ်များကို မီးရှိဖျက်ဆီးကာ ပြည်သူ ၁၀ ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးသွားကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီနှင့် လောင်းလုံးမြိုနယ် PDF မှ တာဝန်ရှိသူများက ရန်ကုန်ခေတ်သစ်မီဒီယာသို ပြောဆိုသည်။

ဇူလိုင်လ ၂၂ ရက်နေ့၊ ညနေ ၃ နာရီခန့်အချိန် လောင်းလုံးမြိုနယ်၊ ပြင်ချောင်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ၏ ကော်မတီဝင် တစ်ဦးဖြစ်သော ရဲဘော် ဆူနာမီ၏ နေအိမ်ကို မီးရှိဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။

“ရဲဘော်ဆူနာမီ တစ်အိမ်ပဲ မီးရှိသွားတာ။ အရင်ကလည်း ၂ ခါလောက် ဝင်မွှေဖူးပါတယ်။ ဒီတခါကတော့ မီးတင်ရှိလိုက်တာပါ။ ထိခိုက်မှုတော့မကြားသေးဘူးဗျ။ အခြေအနေ အသေးစိတ်ကိုတော့ စုံစမ်းနေတုန်းပဲ။ ရဲဘော် ဆူနာမီက Dawei LGBT Community ရဲ့ ကိုယ်စားလှယ်အနေနဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီ အရေးလှုပ်ရှားမှု သပိတ် ကော်မတီမှာ ကိုယ်စားပြု ပါဝင်နေပြီး တော်လှန်ရေးတာဝန်များကို ထမ်းဆောင် နေသူတစ်ဦးပါ” ဟု ထားဝယ်ခရိုင် ဒီမိုကရေ စီအရေး လှုပ်ရှားမှု သပိတ်ကော်မတီမှ တာဝန်ရှိသူက ပြောဆိုသည်။

ထိုပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇူလိုင်လ ၁၉ ရက်နေ့ကလည်း လောင်းလုံးမြိုနယ်၊ ရင်းဘုတ်ရွာရှိ ပြည်သူပိုင် နေအိမ် ၃ အိမ်ကိုလည်း မီးရှိဖျက်ဆီးခဲ့ကြောင်းသိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြခါးပတ်တောင်ပေါ်ရှိ ရေဒါစခန်းမှ စက်ပစ္စည်းများ ပြုပြင်ရန် လာရောက်မည့်အဖွဲကို ကားလမ်းမှ သွားရောက် မကြိုရဲ၍ ကျေးရွာများအတွင်းမှ စစ်ကြောင်းထိုးကာ ပြည်သူပိုင် နေအိမ်များကို မီးရှိဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ထိုပြင် ဒေသပြည်သူ ၁၀ ဦးကိုလည်း လူသားဒိုင်း အဖြစ် ဖမ်းဆီးသွားကြောင်း လောင်းလုံးမြိုနယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

“အဲဒီ စစ်ခွေးတွေက မြခါးပတ်တောင် ဒေသခေါ် လား‌ဘုံးတောင်ရေဒါစခန်းကို ရေဒါနဲ့ ပက်သက်တဲ့ စက်ပစ္စည်း ပြုပြင်တဲ့ အဖွဲကိုကားလမ်းကနေ မလာရဲလို စစ်ကြောင်းနဲ့ ဆင်းလာပြီး သွားကြိုတဲ့အဖွဲလိုသိရတယ်။ အဲဒီကောင်တွေက မြခါးပတ်တောင်ခြေရင်းက ဘုန်းကြီးကျောင်းမှာ ၂ ညအိပ်ပြီး မနေ့နေ့လည်က ထွက်လာတာ ထွက်လာပြီးတော့ အဲဒီအနီးတဝိုက်မှာရှိတဲ့ ပြင်ချောင်းရွာကို၀င်မွှေတာ နောက်ပြီး ‌လူနေအိမ် ၁ လုံးကိုလည်း မီးရှိသွားတယ်။ ပြည်သူ ၁၀ ဦးလောက်ကိုလည်း ဖမ်းထားတယ်။ စစ်ကြောင်းနဲ့ အတူ ဖမ်းခေါ်သွားတာ လူသားဒိုင်း ပုံစံမျိုးဖမ်းသွားတာ” ဟု လောင်းလုံးမြိုနယ် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

တနင်္သာရီတိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက နယ်မြေစိုးမိုးမှုများ ဆုံးရှုးနေပြီး ပြည်သူ့ကာကွယ်ရေးတပ်များက ကျေးလက်ဒေသအများစုကို ထိန်းချုပ်ထားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article