33.1 C
Yangon

လောက်ကိုင်မြို့ကို စစ်ကောင်စီက ဒုတိယအကြိမ် လေယာဉ်ဖြင့် ဗုံးကျဲမှု ဟိုတယ် ဝန်ထမ်း ၂ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇူလိုင် ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ကို စစ်ကောင်စီက ဒုတိယအကြိမ် လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် ဟိုတယ်ဝန်ထမ်း ၂ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း MNDAA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၀၀ နာရီ ၁၈ မိနစ်အချိန် အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ်များက လောက်ကိုင်မြို့၊ စျေးဟောင်းနေရာသို့ ဗုံးဖြင့် ကျဲချခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲချသဖြင့် Lucky ဟိုတယ်တွင် အစောင့်အဖြစ် နေထိုင်သော ဝန်ထမ်း ၂ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူ ၂ ဦးမှာ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦးဖြစ်ကြောင်း၊ အခြားသော ဝန်ထမ်း ၁ ဦးမှာလည်း အပြင်းအထန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“ဟိုတယ် Housekeeping ဝန်ထမ်း ၂ ဦး ဆုံးတယ်။ အခြားဝန်ထမ်းတွေက မှန်ကွဲစတွေစိုက်ပြီး ဒဏ်ရာရတယ်။ ဟိုတယ်က ပိတ်ထားတာ။ လေယာဉ်နဲ့ ဗုံးကျဲတဲ့အချိန်မှာ ဟိုတယ်ဝန်ထမ်း ၉ ဦးအနက် မန်နေဂျာ အပါအဝင် ၆ ဦးက တတိယအထပ်မှာရှိနေပြီးတော့ ဆုံးသွားတဲ့ ဟိုတယ် ဝန်ထမ်း ၂ ဦးနဲ့ ဒဏ်ရာတဲ့ ၁ ဦးက ဟိုတယ်ပထမထပ်မှာရှိနေတာပါ” ဟု လောက်ကိုင်မှ MNDAA သတင်းရင်းမြစ်က ဆိုသည်။

ဇူလိုင်လ ၁၄ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီ၏ လေတပ်က လောက်ကိုင်ကို ပထမဆုံးအကြိမ်အဖြစ် ဗုံးကျဲခဲ့ပြီး အရပ်သား ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ တပ်များက အရပ်သားပြည်သူများနေထိုင်နေသော နေရာများကို ဦးတည် တိုက်ခိုက်နေခြင်းသည် အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်နေသော လုပ်ရပ်ဖြစ်ကြောင်း MNDAA က ထုတ်ပြန်ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

default
default
default
default
default
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article