27.7 C
Yangon

စစ်ကိုင်း၊ မင်းကွန်းရွာတွင် ဈေးဝယ်ပြန်လာသည့် စစ်အရာရှိနှင့် ပျူစောထီး ၂ ဦးတို့ ပစ်ခတ်သတ်ဖြတ်ခံရသဖြင့် စစ်တပ်က အနီးအနား ကျေးရွာများမှ နေအိမ် ၃၄ လုံးကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၆ ဦးကို ဖမ်းဆီး

Must read

ရန်ကုန်၊ ဇူလိုင် ၂၄

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရွာတွင် ဈေးဝယ်ပြန်လာသည့် စစ် တပ်အရာရှိတစ်ဦးနှင့် ပျူ စောထီး ၂ ဦးတို့ ပစ်ခတ်သတ်ဖြတ်ခံလိုက်ရသဖြင့် စစ်တပ်က စစ်ကြောင်းထိုးကာ အနီးအနားကျေးရွာများမှ ပြည် သူ့နေအိမ် ၃၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတော်လှန်ရင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းက မင်းကွန်းရဲစခန်းမှ စစ်အရာရှိတစ်ဦးနှင့် ပျူစောထီး တစ်ဦး တို့သည် စစ်ကိုင်းမြို့မှ ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြီး ပြန်လာကြောင်း၊ အဆိုပါ အရာရှိနှင့်ပျူစောထီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နှစ်ဦစလုံးသေဆုံးသွားကြောင်း၊ ထို့ကြောင့် မင်းကွန်းရဲစခန်းမှ အကြမ်းဖက် စစ်သား၊ ရဲ၊ ပျူစောထီး ပူပေါင်းစစ်ကြောင်းက အင်အား ၁၀၀ ခန့်ဖြင့် သမိုင်းဝင် မြသိန်းတန်ဘုရာအနီးရှိ နေအိမ် များ အပါအဝင် ပြည်သူ့နေအိမ် ၃၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“နှစ်ပွင့် စစ်ဗိုလ်နဲ့ ပျူတစ်ဦး ဆိုင်ကယ်နဲ့ဈေးဝယ်ပြီးပြန်လာတာကို PDF တွေက အနီးကပ်ဝင်ပစ်တာ၊ အဲဒါကြောင့် ပတ်ရမ်းနေတာပါ၊ လက်ရှိတော့ တိုက်ပွဲက ငြိမ်သွားပြီ။ စစ်ခွေးတွေက ထပ်မီးရှို့ ဦးမယ်လို့ ခြိမ်းခြောက်နေ တယ်။ စစ်ကြောင်းနဲ့ထွက်မီးရှို့တော့လည်း PDF တွေက ထပ်တိုက်သေးတယ်။ မိုင်းလည်းဆွဲတယ်။ အဲဒီမှာ လည်း စစ်ခွေးတွေ ထိခိုက်သေဆုံးမှုတွေရှိတယ်။ အတိအကျတော့ မသိရဘူး။ နေအိမ်တွေမီးရှို့ရုံမက ဘူး၊ မဆိုင်တဲ့ပြည်သူတွေကိုလည်း ဖမ်းသွားတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်‌ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။​ေ

စစ်တပ်စစ်ကြောင်း ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ရှားရောင်းရွာမှ နေအိမ် ၂၈ လုံး၊ မင်းကွန်းတောင်ရွာမှ နေအိမ် ၂ လုံး၊ မင်းကွန်းမြောက်ရွာမှ နေအိမ် ၄ လုံး တို့ကိုပြာကျပျက်စီးသွားကြောင်း၊ ပြည်သူများက မီးငြှိမ်းသတ်ခြင်း မပြုနိုင်ရန် စစ်တပ်က သေနတ်များ ပစ်ဖောက်တားဆီးခြင်း၊ ရေပိုက် လိုင်းများဖြင့် ဖြတ်တောက်ခြင်းလုပ်ဆောင်ခဲ့သည့်အပြင် သာမန်အရပ်သား ပြည်သူ ၆ ဦးကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။

“မင်းကွန်းမြောက်ရွာ ဘောလုံးကွင်း အနောက်ဘက်က စည်သူလက်ဖက်ရည်ဆိုင်နဲ့ လက်ဖက်ရည် ဆိုင် မလှမ်းမကမ်းက အရက်ဆိုင်ကို မီးစရှို့တယ်။ စစ်ခွေးတွေက မီးမရှို့ခင် ဘီယာဗူး ၊ အရက် ပုလင်းတွေ ယူပြီး ဆိုင်ကို မီးရှို့ ယမကာဆိုင်ဘေးက ကပ်လျက် လူမနေတဲ့ အိမ်ပါ မီးရှို့ဖျက်စီးသွား တယ်။ မင်းကွန်းဆုတောင်းပြည့် မြတ်စွာဘုရား အနောက်ဘက်က ရွှေမင်းသားဖုန်းဆိုင်နဲ့ အထည် ဆိုင်၊ မင်းကွန်းတောင်ရွာက မယ်တော်ကြီးမြတ်စွာဘုရားနားက နေအိမ် ၁ အိမ်ကိုလည်း မီးရှို့တာ အကုန်ပြာကျသွားတယ်။ စစ်ခွေးတွေက မီးရှို့ပြီး ချက်ချင်းမပြန်ဘူး။ သေနတ်တွေနဲ့ မီးငြိမ်းတဲ့သူကို ပစ်မယ်ဆိုလို့ မီးတော် တော် လောင်မှ ရွာသူရွာသားတွေ ထွက်ငြိမ်းကြရတာ။ ရေမ လာ အောင် တစ်ရွာလုံးကို ရေပေးနေတဲ့ ရေပိုက်လိုင်း မီးကြိုးတွေကိုလည်း သေနတ်နဲ့ ပစ်ပြီး ဖျက် ဆီးသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article