25.7 C
Yangon

CDM ဆိုသည့် စကားရပ်အစား Disloyalty Civil Servant သစ္စာဖောက်ဝန် ထမ်းဆိုသည့် အသုံးအနှုန်းကိုအစားထိုး သုံးစွဲရန် စစ်ကောင်စီက ဝန်ကြီး ဌာနများအားလုံးကို ညွှန်ကြား

Must read

ရန်ကုန်၊ ဇူလိုင် ၂၅

အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းယူမှုကို ဆန့်ကျင်သည့်အနေဖြင့် ဝန်ထမ်းများက လုပ်ငန်းခွင် ပြန်မဝင်ဘဲ Civil Disobedience Movement (CDM) လှုပ်ရှားမှု ပြုလုပ်ခဲ့ကြရာတွင် အဆိုပါ CDM ဝန်ထမ်းများကို Disloyalty Civil Servant သစ္စာဖောက်ဝန်ထမ်းဆိုသည့် အသုံးအနှုန်းကိုအစားထိုး သုံးစွဲရန် စစ်ကောင်စီက ဝန်ကြီးဌာနများအားလုံးကို ညွှန်ကြားလိုက်ကြောင်း နေပြည်တော်ဝန်ထမ်းအသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဝန်ကြီးဌာနများအားလုံး ညွှန်ကြားထားသည့်အတိုင်း CDM စကားရပ်အစား DCS ဟုအသုံးပြုကြရန်” ဆိုသော ညွှန်ကြား ချက်ကို စစ်ကောင်စီက ဝန်ကြီးဌာနများအားလုံးကို ညွှန်ကြားခြင်းဖြစ်ကြောင်း၊ DCS ဆိုသော Disloyalty Civil Servant စကားရပ်သည် သစ္စာဖောက်ဝန်ထမ်းဟု သုံးစွဲခြင်းဖြစ်၍ CDM ဝန်ထမ်းဆိုသော စကားရပ်ထက် ပိုမိုပြင်းထန်လာကြောင်း၊ ပိုမို၍ အငြိုးတကြီး သဘောထားလာသည့် အခြေအနေဖြစ်ကြောင်း သိရှိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့တွင် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင် စွန့်ခွာသွားသည့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများကို အမည်မည်းစာရင်း (Black Lists) ကပယ်ဖျက်ပေးမည်ဟု စစ်ကောင်စီက ကြေညာခဲ့သော်လည်း လက်တွေ့တွင် DCS သစ္စာဖောက် ဝန်ထမ်းများဟု သုံးနှုန်းလာခြင်းကြောင့် CDM ဝန်ထမ်းများ သတိထားကြရန် လိုအပ်ကြောင်း နေပြည်တော် ဝန်ထမ်းအသိုင်းအ၀ိုင်းက ဆိုသည်။

နိုင်ငံ့ဝန်ထမ်း အချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက် မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက် Black Lists စာရင်းအသွင်းခံ ခဲ့ရပြီး နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေပြီး ကာယကံရှင်များ၏ လူမှုဘဝမျးလည်း နစ်နာနေကြောင်း၊ ထို့ကြောင့်အဆိုပါ နစ်နာမှုများကို ကုစားပေးနိုင်ရန်အလို့ငှာ Black Lists စာရင်း ထည့်သွင်းခံထားရသည့် ဝန်ထမ်းများကို လုပ်ငန်းခွင် စွန့်ခွာရသည့် အကြောင်းအရာပေါ် မူတည်ပြီး အမည်မည်းစာရင်းမှ ပယ်ဖျက်ဖြေလျှော့ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ဇူလိုင် ၁၂ ရက်နေ့တွင် ကြေညာခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲ။

Photo- AP ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article