28.5 C
Yangon

လားရှိုးမြို့နယ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် လက် ကျန်နေရာတချို့ သိမ်းပိုက်ရန်နှင့် ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရန် ကျန်ရှိဟု BPLA ခေါင်းဆောင် မောင်ဆောင်းခ ပြောဆို

Must read

ရန်ကုန်၊ ဇူလိုင် ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင်သော တော်လှန်ရေးတပ်များက ယနေ့ နံနက်ပိုင်း သိမ်းပိုက်ပြီးနောက် လက် ကျန်နေရာတချို့ သိမ်းပိုက်ရန်နှင့် ထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရန် ကျန်ရှိဟု BPLA ခေါင်းဆောင် မောင်ဆောင်းခ ပြောဆိုလိုက်သည်။

“လက်ကျန်နေရာတချို့ကို အပြီးသတ်သိမ်းပိုက်ဖို့နဲ့ ထွက်ပြေးနေတဲ့ရန်သူတွေကို ဖမ်းဆီးဖို့သာ အဓိက ကျန်ပါတယ်”ဟု BPLA ခေါင်းဆောင် မောင်ဆောင်းခက လူမှုကွန်ရက်မှ တစ်ဆင့် ထုတ်ပြန်ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ယနေ့ နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ကြောင်း MNDAA ဘက်က ယနေ့နံနက်ပိုင်း ကြေညာလိုက်သည်။

“လားရှိုးမြို့ ရှေ့တန်းသတင်း ဇူလိုင် ၂၅ ရက်- ၂၃ ရက်ကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် MNDAAတပ်မတော်မှ လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသ ဌာနချုပ်ကို ဇူလိုင် ၂၅ ရက် နံနက် ၄ နာရီတွင် လုံးဝ သိမ်းပိုက်နိုင်ခဲ့သည်။ လားရှိုးမြို့ကို လုံး၀ လွတ်မြောက်ကြောင်း MNDAAတပ်၏ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာသည်။ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန်ရေး လှုပ်ရှားမှုသည် သမိုင်းဝင်အောင်ပွဲတစ်ခု ဖြစ်သည်” ဟု MNDAA က ကြေညာထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article