26 C
Yangon

ပြည်သူလူထု၏ ဒဏ်ခတ်မှု ခံရမည့် စစ်ကောင်စီဘက်တော်သား Asia World ပိုင်ရှင် စတီဗင်လော

Must read

By LZ

လားရှိုး တိုက်ပွဲတွေ ရပ်ဖို့၊ အပစ်ရပ်ပြီး စစ်တပ် နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မြန်မာ အမျိုးသားဒီမိုကရက်တစ် တပ်မတော် (MNDAA) ထံ ကို တောင်းဆိုထားတဲ့ စာတစောင်ကို Aisa World ကုမ္ပဏီ ပိုင်ရှင် ထွန်းမြင့်နိုင် ခေါ် စတီဗင်လောက ဇူလိုင် ၂၄ ရက်နေ့မှာ တရုတ်ဘာသာနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

စတီဗင်လော အပါအဝင် မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ ခရိုနီ တွေဟာ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး တိုင်းပြည်သယံဇာတတွေ ထုတ်ရောင်းတာ၊ ပြည်သူတွေဆီကနေ မတရားအမြတ်ထုတ်တာတွေလုပ်ဆောင်နေတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာ မြင့်နေပြီဖြစ်ပါတယ်။

အခုအခါမှာတော့ စစ်တပ်ဘက် ရပ်တည်ပြတဲ့အနေနဲ့ စစ်ပွဲတွေရပ်ဖို့ စစ်တပ်အလိုအတိုင်း တောင်းဆိုလာတာဖြစ်ပါတယ်။ ပြည်သူလူထုကို စစ်တပ်က သတ်ဖြတ်နေချိန်က တိတ်ဆိတ်နေခဲ့တဲ့ ထွန်းမြင့်နိုင်က လက်ရှိ စစ်တပ် အရှုံးတွေနဲ့ အလူးအလဲ ဖြစ်နေချိန်မှာမှ အသံထွက်လာတာဟာ အင်မတန်ကို ရွံ့ရှာစရာကောင်းလှပါတယ်။

ရှမ်းမြောက်မှာ ကိုးကန့်တပ် အပါအဝင် တော်လှန်ရေး အင်အားတွေ စစ်ရေးအောင်ပွဲတွေ ရနေချိန်မှာ စစ်တပ် နဲ့ စေ့စပ်ရေးလမ်းကြောင်းကို ခရိုနီ ထွန်းမြင့်နိုင် တောင်းဆိုလိုက်မှုဟာ မြန်မာ ခရိုနီ အားလုံးရဲ့ အတွင်းစိတ်ကို ကိုယ်စားပြုဖော်ပြလိုက်မှုလည်း ဖြစ်ပါတယ်။ သူတို့တွေရဲ့ အကျိုးစီးပွားတွေ၊ ပိုင်ဆိုင်မှုတွေအတွက် စစ်အာဏာရှင်တွေ အာဏာ ဆက်လက်တည်မြဲအောင် ခရိုနီတွေက ကြိုးစားနေတယ်ဆိုရင် မမှားနိုင်ပါဘူး။ စတီဗင်လော ခေါ် ထွန်းမြင့်နိုင်ရဲ့ Asia World ပိုင်ဆိုင်မှုတွေဟာလည်း စစ်တပ်နဲ့ပူးပေါင်းရာက ရလာတဲ့ ငွေတွေဖြစ်ပါတယ်။

စစ်တပ်နဲ့ပေါင်းတဲ့အပြင် သူ့ရဲ့ ဥစ္စာ စီးပွားငွေကြေးတွေဆိုတာကလည်း တရား မဝင် မူးယစ်ဆေးဝါး ဘိန်းရောင်းခဲ့တဲ့ ဘိန်းဘုရင်လည်းဖြစ် ဖခင်လည်းဖြစ်တဲ့ လော်စစ်ဟန် ဆီက ဆင်းသက်လာတာဖြစ်ပါတယ်။

စတီဗင်လော ခေါ် ထွန်းမြင့်နိုင်ရဲ့ ဇစ်မြစ်ကို တူးဖော်ကြည့်ရအောင်ပါ။ သူရဲ့ ဖခင် ဘိန်းဘုရင် လော်စစ်ဟန်ဟာ စစ်အာဏာရှင် နေဝင်းလက်ထက်မှာ လက် နက်ကိုင်ပြီး မှောင်ခိုဘိန်းကုန်သွယ်ခဲ့တာပါ။ Kokang Export-Import And Construction ကုမ္ပဏီ ကို လော်စစ်ဟန်က ၁၉၈၉ ခုနစ်၊ အောက်တိုဘာလ မှာ စတင်ထူထောင်ခဲ့ပါတယ်။ အဲဒီ နောက်မှာ Asia World ကုမ္ပဏီ ကို ၁၉၉၂ ခုနစ်၊ ဇွန်လ မှာ ထူထောင်ခဲ့ပါတယ်။ အဲဒီ နောက်မှာ ဈေးဝယ်စင်တာတွေ၊ မူးယစ်ဆေးဝါးကနေ ရရှိလာတဲ့ ငွေကြေး ခဝါချမှုတွေ ကို လုပ်ဆောင်လာပါတယ်။ ၁၉၉၆ ခုနစ်မှာ Asia World ဆိပ်ကမ်း နဲ့ ကုန်သည်ကြီးများ ဟိုတယ် (လက်ရှိ ဆူးလေရှန်ဂရီလာဟိုတယ်) တို့ကို ဆောက်လုပ် လုပ်ကိုင်ခဲ့ပါတယ်။

လားရှိုး-မူဆယ် လမ်းကို စတီဗင်လော တို့ကပဲ ၁၉၉၆ ခုနစ်မှာ ဆောက်လုပ်ခွင့်ရခဲ့သလို မူဆယ်-နမ့်ခမ်းလမ်း၊ နောင်ချို-လားရှိုးလမ်း၊ ကျောက်မဲ-လားရှိုးလမ်းတို့ကိုလည်း ဆောက်လုပ်ခွင့်ရခဲ့ပါတယ်။ နောက်ပိုင်းမှာ လေဆိပ် လုပ် ငန်းတွေပါ လုပ်ကိုင်လာပြီး ရန်ကုန် နဲ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေ ဆိပ်တွေကို Asia World ကပဲ လုပ်ပိုင်ခွင့်ရရှိခဲ့ပါတယ်။ ဒီလုပ်ငန်းတွေကိုရရှိဖို့လည်း စစ်တပ်နဲ့ ထဲထဲဝင်ဝင်ပတ်သက်နေတာပါ။

နေပြည်တော်မှာ ရှိတဲ့ စစ်အာဏာရှင် သန်းရွှေ အိမ်ကိုလည်း စတီဗင်လောပဲ ဆောက်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ အရပ်သား ပြည်သူတွေကို ဗုံးကြဲ သတ် ဖြတ်နေတဲ့ စစ်တပ်ကို လေယာဉ်ဆီ တင်သွင်းပေးတဲ့ Yangon Aerodrome Company ကို စတီဗင်လော တို့ ပိုင်ဆိုင်ပါတယ်။ အဲဒါကြောင့်ပဲ အမျိုးသားညီညွတ်ရေး အစိုးရ က ၂၀၂၂ ခုနစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကတည်းက နာမည်ပျက်စာရင်း သွင်းခဲ့ပါတယ်။

အထက်ပါ လုပ်ငန်း နယ်ပယ်တွေ ကို ကြည့်ရင် စစ်အာဏာရှင်တွေ နဲ့ ခရိုနီ စတီဗင်လော ကြား ဆက်နွယ်မှု ကို ရှင်းလင်းစွာ သိနိုင်ပါတယ်။ အဲဒီ အတွက် လားရှိုး တိုက်ပွဲမှာ ကိုးကန့် တပ်တွေကို စစ်တပ် နဲ့ စေ့စပ်ရေး သူရဲ့ တောင်းဆိုမှု ဟာ ရိုးသားမှု မရှိဘူး၊ ကိုယ်ကျိုးစီးပွားကို အဓိက ထားပြီး လူထုရဲ့ ဒုက္ခကို လျစ်လျူရှုထားတယ်ဆိုတာ ပေါ်လွင်စေပါတယ်။

စတီဗင်လောရဲ့ အပစ်ရပ်ရေး၊ စစ်တပ် နဲ့ စေ့စပ်ရေး တောင်းဆိုချက်တွေဟာ ရိုးသားမှုလည်း မရှိတာကတော့ အကျိုးစီးပွားတွေက သက်သေဖြစ်ပါတယ်။။ ဒါပေမယ့်လည်း ဒီနေ့မှာတော့ ကိုးကန့် MNDAA တပ်ဖွဲ့တွေက စစ်အာဏာရှင်ကို ဘယ်လိုမှ လက်မခံနိုင်ဘူးဆိုတာကို လားရှိုး ရမခတိုင်းဌာနချုပ်ကိုပါ တက်သိမ်းပြီးတော့ သက်သေပြနေပါပြီ။

ပြည်သူလူထု ကို အဲဒီ လို စီးပွားရေး နည်းလမ်း နဲ့ နှစ်ပေါင်းများစွာ အမြတ်ထုတ်လာတဲ့ Asia World ကုမ္ပဏီအနေနဲ့ ပြည်သူ လူထုတစ်ရပ်လုံးပါဝင်နေတဲ့ နွေဦး တော်လှန်ရေးကို စစ်တပ်ဘက်က ရပ်တည်ပြီး ပေါ်ပေါ်တင်တင်ဆန့်ကျင်နေပါပြီ။

စစ်တပ်ဘက်က ရပ်တည်ပြနေတဲ့ Aisa World အနေနဲ့ အခုနွေဦးတော်လှန် ရေးမှာ ပြည်သူလူထုဘက်က မရပ်တည်ခဲ့မှုနဲ့ စစ်တပ်ဘက်တော်သားအဖြစ် အသုံးတော်ခံခဲ့မှုအတွက် မကြာခင်မှာ ကြီးကြီးမားမား ပြန်လည် ပေးဆပ်ပြီး လူထုရဲ့ဒဏ်ခတ်မှုကို မလွဲမသွေခံရမယ်ဆိုတာက အသေအချာပါပဲ။

တစ်နိုင်ငံလုံးအရှိန်တက်လာနေတဲ့ နွေဦးတော်လှန်ရေး အောင်ပွဲတွေနဲ့အတူ ပြည်သူတွေဟာ စစ်တပ်ဘက်တော်သား ခရိုနီတွေကို တော်လှန်ရေးအပြီးနဲ့ တော်လှန်ရေးကာလအတွင်းမှာလည်း သပိတ်မှောက်ခြင်းဖြင့် တိုက်ရိုက် ဒဏ်ခတ်အရေးယူမှုတွေ မဖြစ်မနေ လုပ်ဆောင်ဖို့ လိုနေပြီဖြစ်ပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

1 COMMENT

  1. ထွန်းမြင့်နိူင် လို ခရိုနီတွေအား ထိထိ ရောက်ရောက်အရေးယူပေးပါ

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article