30 C
Yangon

ပဲခူးမြစ်ရေကြီးမှုကြောင့် ပြည်သူ ထောင်ချီ ပြောင်းရွှေ့နေရပြီး ယာယီကယ် ဆယ်ရေး စခန်း ၂၂ ခု ဖွင့်လှစ်ထားရ ၊ ခူးမြို့တဝက်နီးပါး ရေနစ်မြုပ် ကားများဖြတ်သန်းသွားလာခွင့် ပိတ်ထား

Must read

ရန်ကုန်၊ ဇူလိုင် ၂၉

ပဲခူးမြစ်ရေကြီးမှုကြောင့် ပြည်သူ ထောင်ချီ ပြောင်းရွှေ့နေရပြီး ယာယီရေဘေး ရှောင်ကယ်ဆယ်ရေး စခန်း ၂၂ ခု ဖွင့်လှစ်ထားရကြောင်း ဒေသပြည်သူများနှင့် ကယ်ဆယ်ရေးသမားများထံမှ သိရှိရသည်။

ပဲခူးမြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် ပဲခူးမြို၏ စိုးရိမ်ရေမှတ် ၈၈၀ စင်တီမီတာအထက် ၉၇စင်တီမီတာသို ကျော်လွန်ရောက်ရှိနေသဖြင့် ပဲခူးမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများသို ရေများဝင်ရောက်လျက်ရှိကြောင်း၊ ပဲခူးမြိုတွင်းနှင့် ရန်ကုန်-မန္တလေး ကားလမ်းတွင်လည်း ရေများ ကျော်နေကြောင်း သိရှိရသည်။

“ရေက ဒီမနက် တဖြည်းဖြည်းတက်လာတယ်။ ညောင်၀ိုင်းရပ်ကွက်မှာဆိုရင် သိသိသာသာ ရေတက်လာတယ်။ ပဲခူးမြို့ထဲလည်း ရေတွေဝင်လာနေတယ်။ မနှစ်ကလောက်တော့ မဆိုးသေပေမယ့် ရေတက်လာပုံက နည်းနည်းမြန်နေတယ်” ဟု ပဲခူးမြို့ခံတစ်ဦးက ဆိုသည်။

ထို့ပြင် လက်ရှိ ပဲခူးမြို့တဝက်နီးပါး ရေနစ်မြှုပ်နေမှုကြောင့် ပဲခူးမြို့ အဝင်မှစ၍ ကားများဖြတ်သန်းသွားလာခွင့်ပိတ်ထားကြောင်း ရေဘေး ကူညီကယ်ဆယ်ရေးလုပ် ဆောင်နေသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ညပိုင်းမှစ၍ ပဲခူးမြစ်ရေမြင့်တက်လာကာ တာဘောင်ကျော်တက်လာသော ရေများသည် ပဲခူးမြို့အတွင်းဝင်ရောက်လာပြီး မြေနိမ့်ပိုင်းရပ်ကွက်အတွင်း ဝင်ရောက်ခဲ့သဖြင့် ရေဘေးရှောင်စခန်း ၂၂ ခုနှစ်ဖွင့်လှစ်ထားရကြောင်း၊ ရေဝင်ရောက်နေမှုကြောင့် မြို့အဝင်ဂိတ်၊ ပဲခူမြို့ရှောင်လမ်း တို့မှ ကား များဖြတ်သန်းသွားလာခွင့်ပိတ်ထားကြောင်း သိရသည်။

“ပဲခူးတိုးဂိတ်မှာက ကားသေးသေးလေးတွေ မသွားခိုင်းတော့ဘူး၊ လူတွေက ဟိုဘက် ဒီဘက်ကြိုပို့ လုပ်ပေးတယ်၊ လူတွေကတော့ ကုမ္မဏီက ဖောကားကြီးတွေနဲ့ အကြိုအပို့လုပ်ပေးတာ၊ ပဲခူးမြို့အဝင် မြို့ရှောင်လမ်းလည်း သွားလို့မရတော့ဘူး။ ပိတ်လိုက်ပြီ၊ ရေကျော်နေတော့၊ ရေက တာကျော်ပြီး ပဲခူး မြို့ထဲဝင်နေပြီ။ မနေ့ကတော့ တာကိုမကျော်သေးဘူး။ ညကတော့ ရေက တာကျော်သွားတာ။ ပဲခူး မြစ်က ရေကြီးတာ။ ပဲခူးမှာ ကယ်ဆယ်ရေးစခန်း ၂၂ ခုလောက်ရှိတယ်။ စခန်းတစ်နေရာကို ထောင် ဂဏန်းလောက်ရှိတယ်။ ပဲခူးမြို့ပေါ်တွေကတော့ မကြီးဘူး။ ပဲခူးမြို့တဝက်ကျော်လောက်က ကုန်း မြင့်တယ်။” ဟု ရေဘေးကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ရေဘေးသင့်ပြည်သူများကို ဘုန်းကြီးကျောင်းများတွင် ယာယီနေရာချထားပြီး ဇိုင်း/တောင်ရပ်ကွက်ရှိ ကျောင်းသစ်ဘုန်းတော်ကြီးကျောင်း၊ ဝင်္ဂဘာဘုန်းကြီးကျောင်း၊ ရွှေဘုန်းပွင့်ဘုန်းကြီးကျောင်း၊ ကျွန်းသာယာရပ်ကွက်ရှိ မင်္ဂလာဇေယျုံ ကျောင်းတိုက်၊ ရွှေနံ့သာကျောင်းတိုက်၊ ရွာသစ်ရပ်ကွက်ရှိ အလက(ခွဲ)ရွာသစ်ကျောင်း၊ ဥဿာ(၇)ရပ်ကွက်ရှိ ဒက္ခိဏာသာခါကျောင်းတိုက်၊ ကလျာဏီရပ်ကွက်ရှိ ကလျာဏီသိမ်ကျောင်းတိုက်၊ မဇင်းရပ်ကွက်ရှိ လေးမျက်နှာကျောင်းတိုက်၊ မြိုသစ်ရပ်ကွက်ရှိ ဆုတောင်းပြည့်ဘုန်းကြီးကျောင်းတို့ တွင် ရေဘေးစခန်းများ ဖွင့်လှစ်ထားကြောင်း ၊ ယမန်နေ့ညပိုင်း ရွှေနံ့သာကျောင်းတိုက်ပါ ရေနစ်သဖြင့် ရေဘေးသင့်ပြည်သူများ ချက်ချင်း ပြောင်းရွှေ့ရကြောင်း သိရှိရသည်။

လက်ရှိတွင် ရန်ကုန် – မန္တလေးကားလမ်းရေကျော်နေသည့် ကျွန်းသာယာရပ်ကွက်၊ ခေါင်းဆေးကျွန်းနေရာ၊ မဇင်း(၁)လမ်းထိပ်နှင့် ဇိုင်း/မြောက်နှင့် ဇိုင်း/တောင် ရပ်ကွက်အကြားရှိ မင်းလမ်းမတို့တွင် ဖြတ်သန်းသွားခွင့် ပိတ်ပင်ထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article