29 C
Yangon

အမေရိကန် တစ်ဒေါ်လာ ငွေကျပ် ၅၃၀၀ ကျော်အထိစံချိန်တင် မြင့်တက်နေပြီး ရွှေဈးနှုန်းမှာလည်း ၆၅ သိန်း ၅ သောင်းအထိ စျေးထိုးတက်

Must read

ရန်ကုန်၊ ဇူလိုင် ၃၀

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၅၃၀၀ ကျော်အထိ စံချိန်တင်ထိုးတက်နေကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးသမားများနှင့် လက်ကြီးနိုင်ငံခြားငွေလဲဒိုင်များက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လ ၂၆ ရက်နေ့ တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများကို လစဉ်ထောက်ပံ့ ကြေး ၃သောင်း လာမည့်ဩဂုတ်လ ၁ ရက်နေ့ မှစတင်၍ တိုးမြှင့်ပေးကြောင်း ကြေညာခဲ့ကြောင်း၊ အဆိုပါ ကြေညာချက်ကြောင့် ငွေကြေးဖောင်းပွမှု တိုးလာပြီး ငွေစက္ကူအသစ်များ ရိုက်ထုတ်မည့် အခြေအနေများကြောင့် ဒေါ်လာနှင့်ရွှေစျေးနှုန်းများ နေ့စဉ် ဆက်တိုက် စံချိန်တင်ထိုးတက်နေကြောင်း သိရှိရသည်။

“အရွက်က တစ်ဒေါ်လာ ၅၃၀၀ နဲ့ ၅၃၅၀ အကြားစျေးရှိပါတယ်။ Face to Face အဝယ်ဆိုရင် စျေးပိုမယ်။ ဒါပေမယ့် ပစ္စည်းမရှိဘူး။ ငွေကြိုပေး ပစ္စည်းစောင့်ယူတာမျိုးလုပ်နိုင်ရင်တော့ ရနိုင်တယ်” ဟု ရန်ကုန်မှ လက်ကြီး နိုင်ငံခြားငွေလဲဒိုင်က ရှင်းပြသည်။

ထို့ပြင် ရွှေစျေးနှုန်းမှာလည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၆၅ သိန်း ၅ သောင်း အထိ စျေးနှုန်းထိုးတက်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“ဒေါ်လာစျေးတက်တော့ ရွှေစျေးလည်း လိုက်တက်နေတယ်။ စျေးက ဆက်တက်ဦးမယ့် အခြေအနေဖြစ်နေတယ်။ ရွှေကုန်သည်တချို့ စသုံးလုံးနဲ့ စရဖက အိမ်တွေလိုက်ပြီး ခေါ်သွားတာလည်းရှိတယ်။ တော်တော်များများက အလုပ်နားပြီး စောင့်ကြည့်နေတာပဲရှိတယ်။ စျေးနှုန်းကတော့ ထိန်းမရဘူး။ တက်ပြီးရင်း တက်နေတာ” ဟု ရန်ကုန်ရွှေကုန်သည်ကြီးတစ်ဦးကရှင်းလင်းပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article