29 C
Yangon

ရှမ်းမြောက်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ်နှင့် ရခိုင်ပြည်နယ်မှ မြို့များကို မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ အဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မှု ကရင်နီလူငယ်များနှင့် မန္တလေး ကျန်းမာရေးမိသားစုက လေးစား ဂုဏ်ပြု

Must read

ရန်ကုန်၊ ဇူလိုင် ၃၁

စစ်အာဏာရှင်ဆန့်ကျင်ရေး ၁၀၂၇ စစ်ဆင်ရေးကို အရှိန်အဟုန်မပျက် ဆက်လက် တိုက်ခိုက်နေခြင်းနှင့် မြိုပေါင်း၊ စခန်းပေါင်းများစွာကို သိမ်းပိုက်ကာ အောင်မြင်မှုရရှိနေသော ညီနောင်မဟာမိတ် (MNDAA, TNLA, AA) တိုကို လေးစားဂုဏ်ပြု ထောက်ခံကြောင်း ကရင်နီလူငယ်များသမဂ္ဂနှင့် ကျန်းမာရေးမိသားစု (မန္တလေး) တို့က ထုတ်ပြန်ထားကြသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး၏ ကြိုးပမ်းမှုဖြင့် လက်ရှိ ရှမ်းမြောက်တွင် လားရှိးမြိုအပါအဝင် မြို ၁၉ မြိုအား သိမ်းပိုက်ထားခြင်းနှင့် တစ်ပြိုင်နက် ပြည်သူ့အုပ်ချုပ်ရေးကို စနစ်တကျ ဖွဲစည်းနိုင်ခဲ့သည့်အတွက် ညီနောင်မဟာမိတ်ကို မဟာဗျူဟာ ပြောင်မြောက်လှသည်ဟု ကရင်နီလူငယ်များသမဂ္ဂ (UKSY) မှ ဇူလိုင်လ ၃၀ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ယင်းအပြင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ရှိသော လားရှိးမြိုကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခြင်းနှင့် စစ်ကောင်စီအား ရှင်းလင်းနိုင်ခဲ့၍ ကိုးကန့်တပ် MNDAA ကို ကျန်းမာရေးမိသားစု (မန္တလေး) က ကျေးဇူးတင် ဂုဏ်ပြုကြောင်း ဇူလိုင်လ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်လက်ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် မိုးမိတ်နှင့် မိုးကုတ်မြိုတိုကို အောင်မြင်စွာ သိမ်းပိုက်ပြီး စစ်ကောင်စီတပ်များကို ရှင်းလင်းတိုက်ခိုက်နိုင်ခဲ့၍ တအောင်းတပ် TNLA နှင့် မဟာမိတ်တပ်တိုအား ပြည်သူလူထုနှင့်အတူ ကျေးဇူးတင် ဂုဏ်ပြုကြောင်းလည်း ကျန်းမာရေးမိသားစု (မန္တလေး) က ထုတ်ပြန်သည်။

တစ်ဆက်တည်းမှာပဲ ရခိုင်ပြည်အတွင်း စစ်ကောင်စီ ကင်းစင်ရေး ဆောင်ရွက်နေသော အာရက္ခတပ်တော် AA မှ ၁၀၂၇ စစ်ဆင်ရေးအတွင်း သံတွဲမြိုအပါအဝင် မြိုအများအပြားကို သိမ်းပိုက်နိုင်ခဲ့ခြင်းနှင့် စစ်ကောင်စီတပ်များအား ရှင်းလင်းနိုင်ခဲ့သည့်အတွက် AA ကို ရခိုင်ပြည်သူများနှင့်အတူ ကျေးဇူးတင်ဂုဏ်ပြုကြောင်း ကျန်းမာရေးမိသားစု (မန္တလေး) က ဆိုသည်။

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း၊ ဒုတိယပိုင်း နှင့် ပတ်သက်ပြီး ညီနောင်မဟာမိတ် ၃ ဖွဲနှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲများကို အားပေးထောက်ခံကြသော အဖိနှိပ်ခံ မြန်မာပြည်သူတစ်ရပ်လုံးကို MNDAA, TNLA, AA တိုက အလေးအနက် ကျေးဇူးတင်ကြောင်းလည်း ပြန်လည်တုန့်ပြန်ထားသည်။

ဓာတ်ပုံ – နောင်ချိုမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ သိမ်းဆည်းရရှိသော လက်နက်ကြီးအမြောက်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

နောင်ချိုမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ သိမ်းဆည်းရရှိသော လက်နက်ကြီးအမြောက်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article