32 C
Yangon

ရွှေဘိုတွင် ခရိုင်ရဲမှူး အောင်ဇော်မျိုး ပစ်ခတ်ခံရ၍ သေဆုံးသွားပြီး သေနတ် ၁ လက်နှင့် ကား ၁ စီးပါ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ခရိုင်ရဲမှူး အောင်ဇော်မျိုး ပစ်ခတ်ခံရ၍ သေ ဆုံးသွားပြီး သေနတ် ၁ လက်နှင့် ကား ၁ စီးပါ သိမ်းဆည်းရရှိကြောင်း နယ်စည်းမခြားရွှေဘိုသားများအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက် ၈ နာရီအချိန် ရဲစခန်းမှ နေအိမ်သို့ ပြန်လာသော ခရိုင်ရဲမှူး အောင်ဇော်မျိုးကို လမ်းတွင် တော်လှန်ရေးတပ်က စောင့်ဆိုင်းပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းထံမှ M16 သေနတ် ၁ လက်နှင့် စီးနင်းလာသော ကားကိုပါ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

“အဲဒီရဲကောင်ရဲ့အိမ်က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အခုပစ်သတ်ခဲ့တဲ့ နေရာမှာရှိတာလေ။ ရဲစခန်းကနေ သူအိမ်ကိုပြန်တဲ့အချိန်မှာ အသင့်စောင့်ပြီးပစ်ခတ်ခဲ့တယ်။ သူကိုင်တဲ့ M16နဲ့ သူစီး နေတဲ့ ကားကိုပါ သိမ်းယူလာနိုင်ခဲ့တယ်။ ကျနော်တို့ ဒီမစ်ရှင်ကို ရဲဘော်၅ဦးနဲ့တိုက်ခိုက်ခဲ့တာပါ။ အခု ဘေးကင်းရာကို ဆုတ်ခွာနိုင်ခဲ့ပြီ” ဟု နယ်စည်းမခြားရွှေဘိုသားများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကရှင်းပြသည်။

ခရိုင်ရဲမှူး အောင်ဇော်မျိုးကို ရှင်းလင်းသည့် မစ်ရှင်ကို နယ်စည်းမခြားရွှေဘိုသားများအဖွဲ့နှင့်အတူ နဂါးညီနောင် နှင့် မိုင်းဘီလူးအဖွဲ့တို့က ပူးပေါင်း ပြီး မြို့တွင်း စစ်ဆင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရွှေဘိုမြို့နယ်ကို စစ်ကောင်စီတပ်များက ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး လူငယ်တချို့မှာလည်း ဖမ်းဆီးခံရမည်စိုးရိမ်၍ တိမ်းရှောင်နေကြရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ – ရွှေဘိုတွင် စစ်ဆေးမှုများလုပ်နေသော အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရွှေဘိုတွင် စစ်ဆေးမှုများလုပ်နေသော အကြမ်းဖက်ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article