32 C
Yangon

Breaking News- လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA ဦးဆောင်သော မဟာမိတ်တပ်များက အပြီးသတ် သိမ်းပိုက်ရရှိပြီး စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်တစ်ခုကို ပထမဆုံးအကြိမ် ချေမှုန်းနိုင်ခြင်းဖြစ်

Must read

Breaking News- လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA ဦးဆောင်သော မဟာမိတ်တပ်များက အပြီးသတ် သိမ်းပိုက်ရရှိပြီး စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်တစ်ခုကို ပထမဆုံးအကြိမ် ချေမှုန်းနိုင်ခြင်းဖြစ်

ရန်ကုန်၊ ဩဂုတ် ၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာန ချုပ်(ရမခ)ကို MNDAA ဦးဆောင်သော မဟာမိတ်တပ်များက ယနေ့တွင် အပြီး သတ်သိမ်းပိုက်ရရှိပြီဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်တစ်ခုကို ချေမှုန်း သိမ်းပိုက်ရရှိခြင်း ဖြစ်ကြောင်း သိရှိရသည်။

“မနေ့က ကျနော်တို့သိရတာက တချို့ စစ်ကောင်စီတပ်သားတွေ လက်နက်ချတာတွေရှိတယ်။ တချို့လည်း ရမခထဲကနေ ပွင့်နေတဲ့ လမ်းကြောင်းတွေကနေ ထွက်ပြေးတာတွေလည်းရှိနိုင်တယ်။ ရမခက အကျယ်ကြီးပဲ။ တကယ်က ရမခ ပတ်ပတ် လည်ကို မဟာမိတ်တပ်တွေအားလုံးက ၀ိုင်းရံပိတ်ဆို့ထားတာ။ ရမခ တကယ်ရပြီဆိုတာတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတင်းတင်ပါလိမ့်မယ်” ဟု MNDAA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် လားရှိုး ရမခ တိုင်းစစ်ဌာနချုပ်နယ်မြေထဲရှိ အကြမ်းဖက်စစ်သားများ အား လုံး ထွက်ပြေးသွားပြီဖြစ်ကာ MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့များ ခြေကုတ်ယူ နယ်မြေ ရှင်းလင်းနိုင်ပြီ ဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က စစ်တပ်သတင်းရင်းမြစ်များကို ကိုးကား၍ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိတွင် ရမခ တိုင်းစစ်ဌာနချုပ်နယ်မြေထဲရှိ အကြမ်းဖက်စစ်သားများအား လုံး စွန့်ခွာသွားပြီဖြစ်ကြောင်း ၊ လက်နက်ချ မချ၊ သေချာ မပြောနိုင်သေးသော် လည်း အကြမ်းဖက်စစ်သားများ အားလုံး တိုင်းစစ်ဌာနချုပ်တွင် မရှိတော့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

“အခုလက်ရှိအနေအထားမှာတော့ ရမခ တိုင်းစစ်ဌာနချုပ် စခန်းဌာနချုပ်နယ် မြေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မရှိတော့ဘူး ။ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့ တွေ ဝင်ပြီးတော့ ခြေကုတ်ယူပြီးတော့ နယ်မြေရှင်းနိုင်တဲ့ အဆင့်ကို ရောက်နေတာတော့ သေချာသွားပါပြီဗျ။ လက်နက်ချခြင်း၊ မချခြင်းကတော့ ကျွန်တော်တို့ သေချာမပြောနိုင်သေးပါဘူး။ လက်နက်ချဖို့ ရာခိုင်နှုန်းကတော့ နည်းပါတယ်။ သူတို့တွေ လုံးဝ တစ်နေရာကို ပြောင်းပြီးတော့ ခံစစ်ဆင်တဲ့ အနေ အထားမျိုးတော့ များပါတယ်။ ဒါပေမဲ့ ရမခ တိုင်းစစ်ဌာနချုပ်ရဲ့ စခန်းဌာနချုပ် နယ်မြေကြီး တစ်ခုလုံးကတော့ စစ်ကောင်စီတပ်တွေ အားလုံး စွန့်ခွာသွားပြီဖြစ်ပါတယ်ဗျ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဓာတ်ပုံ- ခလရ ၄၁ ကို MNDAA တပ်များက ဝင်ရောက် သိမ်းပိုက်စဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article