26 C
Yangon

လာရှိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်မှု ရရှိမှုတွင် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို MNDAA က အရှင်းဖမ်းဆီးရရှိ

Must read

လာရှိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်မှု ရရှိမှုတွင် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို MNDAA က အရှင်းဖမ်းဆီးရရှိ

ရန်ကုန်၊ ဩဂုတ် ၄

လားရှိုးမြို့ MNDAA နှင့် ပူးပေါင်းတပ်များတိုက်ခိုက်ခဲ့သည့် တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ ဗိုလ်မှူးချုပ် ၂ ဦးနှင့် ဗိုလ်ချုပ် ၁ ဦး အရှင်ဖမ်း မိခဲ့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အရှင်ဖမ်းမိသူများမှာ ဗိုလ်ချုပ် စိုးတင့်၊ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ ရမခ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး တို့ ဖြစ်ကြကြောင်း သိရှိရသည်။

“ဒါ နောက်ဆက်တွဲဖြစ်စဉ်အသစ်ပါ”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့် သည် အလုပ် သင်ဗိုလ် တေဇ ၁၆ ကျောင်းဆင်းဖြစ်ကြောင်း၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူး ချုပ် သန့်ထင်စိုးသည် စစ်တက္ကသိုလ်အပတ်စဉ် ၄၁ ကျောင်းဆင်းဖြစ်ကြောင်း၊ ဗိုလ်မှူးချုပ် မျိုးမင်းထွေးမှာ ကျောက်မဲ အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁ မှူး ဖြစ်ပြီး အလုပ်သင်ဗိုလ် တေဇ ၂၆ ကျောင်းဆင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်နှင့် တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ကို အခမ်းအနားပွဲတစ်ခုတွင် တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article