29 C
Yangon

ထန်တလန်မြိုစောင့် အင်အား ၁၂၀ ဝန်းကျင်ရှိ ခလရ ၂၆၉ စစ်တပ် စခန်းကုန်းကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိမှု လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၆

ချင်းပြည်နယ်၊ ထန်တလန်မြိုစောင့်တပ်ဖြစ်သည့် ခလရ ၂၆၉ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကုန်းကို အပြီး သိမ်းပိုက်ရရှိထားရာတွင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း CDF Htantlang မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ဩဂုတ်လ ၄ ရက် နံနက် ၄ နာရီခန့်အချိန် ထန်တလန်မြိုစောင့်တပ်ဖြစ်သည့် ခလရ ၂၆၉ အကြမ်းဖက် စစ်ကောင်စီ၏ တပ်အထိုင်စခန်းကို ချင်းပြည်နယ်အစိုးရ တပ်များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး၊ အကြမ်းဖက် စစ်သားအချိုမှာမြိုတွင်းရှိ ရဲစခန်း၊ CB ဘဏ်စသည့် နေရာများကို ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။

“ထန်တလန်မြိုမှာ စစ်ခွေးတွေ အဓိက အထိုင်ချတဲ့နေရာက ၇ ခုလောက်ရှိတယ်။ အဲဒီထဲက အဓိက ကျ တဲ့ တပ်ကုန်းကိုပဲ သိမ်းနိုင်သေးတာ။ ကျန်တဲ့ ရဲစခန်းတို CB တိုကျတော့ ကျန်သေးတယ်။ လက်နက် ခဲယမ်းသိမ်းဆည်းမိတာတွေလည်းရှိတယ်၊ ပြီးတော့ တပ်ကုန်းကနေ CB ဘဏ်တို၊ ရဲစခန်းတိုမှာ ထွက်ပြေးသွားကြတာ၊ စခန်းကုန်းထဲကနေ လက်နက်ကြီးတွေရော၊ လက်နက်ခဲယမ်းတွေရော သိမ်း နိုင်ခဲ့တာရှိတယ်။ သေဆုံးထိခိုက်တာတွေလည်းရှိတယ်။ လက်ရှိတော့ တပ်ကုန်းမှာ ကျနော်တို အလံ လွှင့်ထူလိုရပြီ” CDF Htantlang မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ယမန်နေ့ ဩဂုတ လ ၄ ရက် နံနက် ၁၀ နာရီခန့်တွင် တစ်ကြိမ်၊ ညနေပိုင်းတွင် တစ်ကြိမ်၊ ယနေ့ ဩဂုတ်လ ၅ ရက်နံ နက်ပိုင်းတွင် တစ်ကြိမ် စုစုပေါင်း ၅ ကြိမ်ခန့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ် အထိုင်စခန်းတွင် ခလရ ၇၇ ၊ ခလရ ၂၆၉ နှင့် ရဲတပ်ဖွဲဝင်အင်အား ၁၂၀ ခန့်ရှိကြောင်း သိရသည်။

ထန်တလန်မြိုသိမ်းတိုက်ပွဲကို ဇူလိုင်လ ၂၂ ရက်နေ့ကစတင်ပြီး ချင်းပြည်နယ်အစိုးရ ပူးပေါင်း တပ်ဖွဲ များက ဖော်ဆောင်ခဲ့ရာ ထန်တလန်မြိုနှင့် ဟားခါးမြိုနယ်ကြားရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၇၇ အထိုင်ချနေရာဖြစ်သည့် ရှေ့တန်းစခန်း ၇ ခုထက်မနည်းကို ကိုသိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဆက် လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထန်တလန်မြိုတွင်း၌ ကျန်ရှိနေသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကိုလည်း ဆက်လက်ရှင်းလင်းတိုက် ခိုက် လျက်ရှိကြောင်း သိရသည်။

“အခုထန်တလန်မြိုကို သိမ်းပိုက်နိုင်တော့မှာဖြစ်တဲ့အတွက်ကြောင့် ချင်းပြည်တစ်ပြည်လုံး ကျနော် တိုရဲ့ ပြည်သူလူထုလက်ထဲကို ရောက်ခါနီးပြီဆိုတဲ့အကြောင်း ပြည်သူလူထုတွေ ခွန်အား ရအောင် ပြောချင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ယခုစစ်ဆင်ရေးသည် ချင်းပြည်နယ်အစိုးရတပ်ဖွဲအမည်ဖြင့် စစ်ဆင်ရေးဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ချင်းပြည်နယ်အစိုးရအဖွဲတွင်ပါဝင်သည့် CDF Htantalang ၊ CDF – Hakha ၊ CDF Matupi ၊ CNA စသည့်ချင်းတော်လှန် ရေးအဖွဲအစည်း ၁၅ ဖွဲပူးပေါင်းကာ ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article