26 C
Yangon

အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၅၅၅၀ ကျပ်အထိ မြင့်တက်လာပြီး မြန်မာ ကျပ်ငွေတန်ဖိုး ဆက်လက် ထိုးကျနေ၊ ရွှေစျေးမှာ ၆၈ သိန်း ၅ သောင်းစျေးပေါက်

Must read

ရန်ကုန်၊ ဩဂုတ် ၇

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၅၅၅၀ ကျပ်အထိ မြင့်တက်လာပြီး ကျပ်ငွေတန်ဖိုး ဆက်လက် ထိုးကျနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

“အရွက် အဝယ်အရမ်းများတယ်။ ပစ္စည်းတင်တာနဲ့ ဝယ်သူချက်ချင်းပေါ်တယ်။ ပစ္စည်းက ပြတ်နေတယ်။ စျေးကတော့ တစ်ဒေါ်လာကို ၅၅၅၀ ကျပ်စျေးရှိတယ်။ Face to Face ဝယ်မယ်ဆိုရင် ၅၆၀၀ လောက်ပေးရမယ်” ဟု ရန်ကုန်နိုင်ငံခြားငွေလဲဒိုင်တစ်ဦးက ဆိုသည်။

ထိုပြင် အခြားနိုင်ငံခြားငွေကြေးများဖြစ်သော ထိုင်းဘတ်၊ မလေးရှားရင်းဂစ်၊ စင်ကာပူဒေါ်လာတိုမှာလည်း စံချိန်တင် စျေးနငန်းများ မြင့်တက်နေပြီး မြန်မာကျပ်ငွေ တန်ဖိုး တဟုန်ထိုး ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။

ယနေ့ ပေါက်စျေးများအရ ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၅၂ ဒသမ ၆၇ ကျပ်၊ စင်ကာပူတစ်ဒေါ်လာလျှင် ၄၀၄၉ ကျပ် ၊ မလေးရှားတစ်ရင်းဂစ်လျှင် မြန်မာကျပ်ငွေ ၁၂၀၀ ဝန်းကျင်တွင် စျေးရှိနေကြောင်း သိရှိရသည်။

အခေါက်ရွှေစျေးမှာမူ တစ်ကျပ်သားလျှင် ငွေကျပ် ၆၈ သိန်း ၅ သောင်းစျေးရှိနေပြီး စျေးနှုန်းများ ဆက်လက်မြင့်တက်ရန် ရှိနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article