26 C
Yangon

လာဘ်ပေးလာဘ်ယူမှု၊ အောက်လက်ငယ်သားအပေါ် ဖိနှိပ်သူအဖြစ် နာမည်ကြီးသော အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် ဝင်းဇော်မိုးကို စစ်ကောင်စီက ရဲချုပ်အဖြစ် ခန့်အပ်

Must read

ရန်ကုန်၊ ဩဂုတ် ၈

အကြမ်းဖက်စစ်ကောင်စီက လာဘ်ပေးလာဘ်ယူမှု၊ အောက်လက်ငယ်သားအပေါ် ဖိနှိပ်သူအဖြစ် နာမည်ကြီးသော အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် ဝင်းဇော်မိုးကို ရဲချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း စစ်တပ်သတင်းရင်းမြစ်များက ပြောဆိုသည်။

စစ်ကောင်စီက ပြည်ထဲရေးဒုဝန်ကြီးနှင့်ရဲချုပ် ဒုတိယဗိုလ်ချုပ်​ကြီး နီလင်းအောင်ကို ဩဂုတ်လ ၃ ရက်နေ့တွင် အမှတ် ၂ ကစထမှူးအဖြစ် ပြောင်းရွှေ့ခန့်ထားပြီးနောက် လစ်လပ်သွားသော ရဲချုပ်နေရာတွင် ယခင် အရှေ့ပိုင်းတိုင်း ဒုတိုင်းမှူးဟောင်း ဗိုလ်မှူးချုပ်ဝင်းဇော်မိုးကို စစ်ကောင်စီက ခန့်အပ်လိုက်ကြောင်း၊ ဗိုလ်မှူးချုပ် ဝင်းဇော်မိုးသည် လာဘ်ပေးလာဘ်ယူမှုများ၊ အောက်ခြေကို ဖိနှိပ်သူအဖြစ် နာမည်ကြီးသူဖြစ်ပြီး ဒုတိုင်းမှူးဘ၀တွင် အကျင့်ပျက်ခြစားမှုများ ကျူးလွန်ခဲ့ကြောင်း၊ ၎င်းသည် စစ်တက္ကသိုလ်အပတ်စဉ် ၃၅ ကျောင်းဆင်းဖြစ်ကြောင်း၊ ဩဂုတ်လ ၄ ရက်နေ့တွင် ဗိုလ်မှူးချုပ် ဝင်းဇော်မိုးကို စစ်ကောင်စီက ရဲချုပ်အဖြစ် ခန့်အပ်ခဲ့ကြောင်း သိရှိရသည်။

“ဒုတိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် ဝင်းဇော်မိုးက စစ်ဘက်ရာထူးကနေ အနားယူပြီးတော့ ဒုရဲချုပ် ၁ အဖြစ် ရဲဗိုလ်ချုပ်ရာထူးနဲ့ ပြည်ထဲရေးဘက်ကို အသွင်ပြောင်းတယ်။ သူက ရခိုင်မှာ ရုံးထိုင်နေခဲ့ရတာ။ ရခိုင်မှာ ရုံးထိုင်နေရတဲ့ လက်ရှိ ဒုရဲချုပ် ဝင်းဇော်မိုး(ယခင် တောင်ကြီးက စစ် ဒုတိုင်းမှူး)က ရဲချုပ်အဖြစ် ရာထူးတိုးပေးလိုက်တာပါ။ အဲဒါ သူက ရဲချုပ်ဖြစ်လာတော့ ရခိုင်ကနေ နေပြည်တော်ကို ပြောင်းရတယ်။ သူက ဒုတိုင်းမှူး ဘ၀တုန်းက လာဘ်ပေးလာဘ်ယူမှုနဲ့ အောက်လက်ငယ်သားအပေါ် ဖိနှိပ်မှုနဲ့ နာမည်ကြီးတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

လစ်လပ်သွားသော ဒုရဲချုပ် ၁ နေရာသို့ ရဲဗိုလ်ချုပ် နေရာသို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်က ရာထူးတိုးဖြင့် ရောက်ရှိသွားပြီး ရခိုင်သို့ ပြောင်းရွှေ့သွားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article