26 C
Yangon

ယင်းမာပင်မြို့နယ်၊ ထန်းတောကြီးရွာကို စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့်ပစ်ခတ်မှု ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဩဂုတ် ၈

စစ်ကိုင်းတိုင်း၊ ယင်းမာပင်၊ ထန်းတောကြီးကျေးရွာကို စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့်ပစ်ခတ်မှု ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၇ ရက်နေ့ ညနေ ၄ နာရီအချိန် ယင်းမာပင်မြို့နယ်၊ထန်းတောကြီး ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ကျေးရွာများသို့ ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး သေဆုံးသူပြည်သူများမှာ ကျေးစာကျေးရွာနှင့် ထန်းတောကြီးကျေးရွာမှ ပြည်သူများဖြစ်ကြောင်း သိရှိရသည်။

“ရွှေတောင်ဦး အောင်ဇယျကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာ။ လက်နက်ကြီးကျည်က ထန်းတောကြီး ရွာအရှေ့ပိုင်း ကွမ်းယာဆိုင်ပေါ်ကို တည့်တည့်ကျပြီး ကွမ်းယာ ဝယ်နေတဲ့ အမျိုးသား ၃ ဦး နေရာတင်ပွဲချင်းပြီး သေဆုံးပါတယ်။ ၇ ဦး ဒဏ်ရာရသွားတယ်။ ဒဏ်ရာရရှိတဲ့ ပြည်သူ ၇ ဦးမှာ တစ်ဦးကတော့ ဆေးကုသမှု ခံယူရင်း ဒီနေ့ဩဂုတ်လ ၈ ရက် နေ့ မနက်ပိုင်းမှာ ထပ်ပြီးတော့ သေဆုံးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်၏ လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသူ ပြည်သူ ၄ ဦးမှာ ကျေးစာကျကျေးရွာမှ ကိုလွှမ်းမိုး အသက် ၄၁နှစ်၊ ထန်းတောကြီးကျေးရွာမှ မောင်မြင့်သန်းအောင်(ခ)ဖိုးဝ အသက် ၂၂နှစ်၊ မောင်ဖြိုးဇေယျာ အသက်၂၈နှစ်နှင့် ဖိုးသက်ဝေ အသက် ၂၄ နှစ် တို့ဖြစ်ကြောင်း ၊ ဒဏ်ရာရသူများမှာ ဦးစိန်လင်း ၊ဒေါ်တင်တင်လေး ၊မောင်ရဲကိုကိုတိုး ၊ကိုဇော်မင်းဦး၊ ကိုမင်းသန့်နှင့် မောင်ပြည့်ဖြိုးသန့် တို့ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article