29 C
Yangon

ဆော -ဆိပ်ဖြူ လမ်းပိုင်းတွင် စစ်တပ်ထောက်ပို့ ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦး သေ ဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၈

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆော-ဆိပ်ဖြူလမ်းပိုင်း တနေရာတွင် စစ်ယာဉ်တန်းကို မိုင်း ဆွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Yenanthar Youth Force LPDF တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၇ ရက် နံနက် ၈ နာရီ မိနစ် ၃၀ အချိန်ခန့်က ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၁ မှ ထွက် လာသော ရိက္ခာပို့ကား ၂ စီး၊ စစ်ကား အကြီး ၂ စီးတို့ကို ဆော -ဆိပ်ဖြူလမ်းပိုင်း တနေရာတွင် နောက်ဆုံးမှ လိုက်ပါလာသော ကားကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံး ပြီး ၄ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် စစ်ကားလည်းပျက်စီးသွားကြောင်း သိရသည်။

“စခ ၃ ဦးသေတာ မျက်မြင်အတည်ပြုနိုင်တယ်။ နောက်ဆက်တွဲက မသိရဘူး။ ကျနော်တို့လည်း နောက်တန်းကို တန်ပြန်ဆုတ်လာခဲ့ရတာမို့ပါ။ ဘယ်သွားဖို့လည်း မသိရဘူး။ အထွက်ပဲ ကျနော်တို့ သိရတယ်။ ပစ္စည်းတွေ သယ်နေတာလို့တော့ သတင်းရတယ်၊ လမ်းပိုင်းကို အသုံးပြုသွားလာနေတဲ့ မိဘပြည်သူတွေအနေနဲ့ စကစ ယာဉ်တန်းတွေနဲ့ ဝေးဝေးနေပေးကြဖို့နဲ့ ကျနော်တို့ အဖွဲ့ရဲ့ ဒရုန်းကမ် ပိန်းလေးကို ဝိုင်းဝန်းပါဝင် ကူညီပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုချင်ပါတယ်”ဟု Yenanthar Youth Force LPDF တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Yenanthar Youth Force LPDF ၊ မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဆိပ်ဖြူမြို့နယ် CAF ပကဖတိုက်ခိုက်ရေးအဖွဲ့ နှင့် ပခုက္ကူခရိုင် အမှတ်-၁၉ တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

Photo – တော်လှန်ရေး တပ်ဖွဲ့ဝင်များ

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တော်လှန်ရေး တပ်ဖွဲ့ဝင်များ
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article