ရန်ကုန်၊ ဩဂုတ် ၁၃
မန္တလေးတိုင်း မြင်းခြံတွင် တိုက်ပွဲများဖြစ်ပွားလာချိန် သဘာ၀ဓာတ်ငွေ့သုံး 225-MW လျှပ်စစ်ဓာတ်အားထုတ် စက်ရုံကို စင်ကာပူ Sembcorp က ယာယီပိတ်သိမ်းလိုက်ကြောင်း အဆိုပါ ကုမ္ပဏီက ယမန်နေ့တွင် ထုတ်ပြန်ကြေညာသည်။
မြန်မာနိုင်ငံတွင် လတ်တလော မငြိမ်မသက်မှုများကြောင့် စင်ကာပူအခြေစိုက် Sembcorp Industries အနေဖြင့် မြင်းခြံရှိ 225-MW သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို ယာယီပိတ်သိမ်းလိုက်ကြောင်း၊ စင်ကာပူအခြေစိုက် Temasek ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော Sembcorp က မြင်းခြံရှိ သဘာ၀ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လုပ်ငန်းလည်ပတ်မှုများကို နောက်ထပ်ကြေညာချက် မထုတ်ပြန်မချင်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရှိရသည်။
Sembcorp အနေဖြင့် အခြေအနေများ တည်ငြိမ်သွားသည်နှင့် လုပ်ငန်းလည်ပတ်မှုများ ပြန်လည်စတင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ Sembcorp အနေဖြင့် ဝန်ထမ်းများ၏ လုံခြုံရေးနှင့် စက်ရုံအတွက် ကာကွယ်ရေးအစီအမံများကို ထားရှိထားကြောင်း ပြောဆိုသည်။
မြင်းခြံရှိ သဘာ၀ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ လည်ပတ်ရန် ငွေကြေးအရ ပံ့ပိုးကူညီခဲ့သည့် ဂျပန်နိုင်ငံ Unicharm ကော်ပိုရေးရှင်းကလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကို ရပ်ဆိုင်းလိုက်ကြောင်း မကြာသေးမီက ကြေညာခဲ့ကြောင်း၊ Unicharm အနေဖြင့် ထိုသို့ ဆုံးဖြတ်ခြင်းမှာ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးအရ စိန်ခေါ်မှုများ ရှိလာခြင်း နှင့်အတူ နိုင်ငံခြားငွေလွှဲခြင်းဆိုင်ရာ ကန့်သတ်ချက်များကြောင့် ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar