29 C
Yangon

နိုင်ငံသစ်ထူထောင်ရန် မရှိဘဲ လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ကို ဆန့် ကျင်ပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု စနစ်ဖြင့် ကိုယ်ပိုင် အုပ်ချုပ်ရေးကို လိုလားဟု စစ်သုံ့ပန်းများကို MNDAA က ရှင်းပြ

Must read

ရန်ကုန်၊ ဩဂုတ် ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နယ်မြေအများစုကို ထိန်းချုပ်သိမ်းပိုက်ထားသော ကိုးကန့် MNDAA အနေဖြင့် နိုင်ငံသစ်ထူထောင်ရန်မရှိဘဲ လူမျိုးကြီးဝါဒကို ဆန့်ကျင်ပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကို MNDAA ကလိုလားကြောင်း စစ်သုံ့ပန်းများကိုရှင်းပြကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

” နိုင်ငံသစ်ထူထောင်ရေးကို မလိုလားပါ။ တိုင်းရင်း သားအားလုံး စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး နဲ့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ထူ ထောင်ရာတွင် ကျနော်တို့ တက်ကြွစွာ ပါဝင်ပါမည်။ ကျနော်တို့၏ အမျိုးသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအားလုံးသည် ဗမာလူမျိုးကြီးဝါဒကို ဆန့်ကျင်သည်။ တော်လှန်ရေး အောင်မြင်ပြီးနောက် ကျွန်ုပ်တို့သည် ဟန်လူမျိုးကြီးဝါဒကို ဘယ်တော့အခါမှ ကျင့်သုံးမည်မဟုတ်။ MNDAA တပ်ဖွဲ့သည် တိုင်းရင်းသားလူမျိုးစုအားလုံး၏ အဆင့်အတန်း မခွဲခြားဘဲ တန်းတူညီမျှရေးထောက်ခံအားပေးပြီး တိုင်းရင်းသားအားလုံး၏ နိုင်ငံရေးဆန္ဒနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးကို အပြည့်အ၀ လေးစားသည်” ဟု MNDAA မှ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။

MNDAA အနေဖြင့် “လူမျိုးကြီးဝါဒ” ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး လူမျိုးစုအားလုံး တန်းတူညီတူ ညီတူမျှတူ၊ လွတ်လပ်၊ ဒီမိုကရက်တစ်၊ ယဉ် ကျေးပြီး သာယာဝပြောသော ဖက်ဒရယ်နိုင်ငံကို တည်ဆောက်ရန် တွန်းအားပေးသူများဖြစ်ကြောင်း ၊ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ပြီး တပ်မတော်ကို နိုင်ငံတော် အစိုးရက ကွပ်ကဲ အုပ်ချုပ်စေရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများတည်ရှိရာပြည်နယ်များ သို့မဟုတ် အထူးအုပ်ချုပ်ရေးဒေသများတွင် လွတ်လပ်သော အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဘဏ္ဍာရေးစနစ်များရှိပြီး ဥပဒေပြုရေးအာဏာကို လွတ်လပ်စွာ ကျင့်သုံးရန် ထောက်ခံ အားပေးကြောင်း တရားဝင် ထုတ်ဖော်ပြောဆိုသည်။

လတ်တလော လားရှိုးမြို့သိမ်းတိုက်ပွဲတွင် ထောင်နှင့်ချီသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း၊ MNDAA က စစ်သုံ့ပန်းများအတွက် ဦးစားပေး ကောင်းမွန်စွာဆက်ဆံရေးမူဝါဒဖြင့် စစ်သုံ့ပန်းများ၏ အသက်ဘေးကင်းရေးနှင့် အခြေခံ အသက်မွေးဝမ်းကြောင်း အာမခံချက်၊ ဒဏ်ရာရ စစ်သုံ့ပန်းများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကုသမှုများ ပေးအပ်ကာ စစ်သုံ့ပန်းများ၏ အယူဝါဒဆိုင်ရာ ပညာရေး၊ လမ်းညွှန်မှုနှင့် အသွင်ပြောင်းရေးတို့ကို လုပ်ဆောင်ပေးထားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article