ရန်ကုန်| ဩဂုတ် ၁၆
ရခိုင်ပြည် ဂွမြိုအထိ အာရက္ခတပ်တော် AA ထိုးစစ် ရောက်ရှိလာပြီး အာဏာ သိမ်း စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် အပြင်းအထန် ခုခံတိုက် ခိုက်နေကြောင်း ဒေသခံများက ပြောသည်။
ဩဂုတ်လ ၁၀ ရက်နေ့က ဂွမြိုနယ် ကျိန္တလီမြို ချင်းကွင်းကျေးရွာအနီးတွင် စစ်ကောင်စီနှင့် AA တို တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့ ဒေသခံများပြောပြချက်အရ ကျိန္တလီမြိုကို AA က သိမ်းလိုက်ပြီဟု ပြောဆိုကြသည်။
အသက် ၃၅ နှစ်အရွယ် ဂွမြိုပေါ်ဒေသခံ အမျိုးသားတစ်ဦးက ” ကျိန္တလီမြိုကို AA က သိမ်းလိုက်ပြီလို ပြောလိုရပါတယ်။ ကျိန္တလီမြိုမှာ စစ်ကောင်စီ မရှိတော့ပါဘူး။ ရဲစခန်းက တပ်တွေရော၊ မြိုထဲက တပ်တွေရော ကုလားပြင်ဘက်ကို ဆုတ်သွားပြီ။ အခု ကုလားပြင်ဘက်ကနေ AA ကို ပြန်တိုက်နေတယ်။ မနေ့ကတောင် တိုက်ပွဲဖြစ်ကြသေးတယ်။ ” ဟု ပြောသည်။
ကျိန္တလီမြိုထဲက စစ်ကောင်စီတပ်ဖွဲဝင်များမှာ မြိုကိုစွန့်ခွာပြီး ဂွမြိုအနီး ကုလားပြင်တံတားက တပ်စခန်းနှင့်ပူးပေါင်းကာ AA အား ပြန်ခုခံတိုက်ခိုက်နေသလို ကျိန္တလီမြိုထဲကိုလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း ၎င်းက ပြောသည်။
တိုက်ပွဲမှာ ကျိန္တလီမြိုကတစ်ဆင့် ဂွမြိုအထိ နီးကပ်လာပြီး တစ်ရက်ထက်တစ်ရက် ပြင်းထန်လာ၍ ဂွမြိုခံများအားလုံး မြိုကိုစွန့်ခွာ ဧရာဝတီတိုင်းဘက် တိမ်းရှောင်သွားကြပြီဟု တိမ်းရှောင်လာသူများက ပြောဆိုကြသည်။
အသက် ၄၀ ကျော်အရွယ် တိမ်းရှောင်လာသူ အမျိုးသမီးတစ်ဦးက ” ဂွမြိုမှာ ဘယ်သူ့မှာ မရှိတော့ဘူး။ တိုက်ပွဲက မြိုနဲ့ အရမ်းနီးကပ်လာပြီလေ။ ဘယ်သူ့မှ မြိုထဲမှာ မနေရဲကြတော့ဘူး။ ရှိရင်လည်း ဆယ်ဂဏန်းလောက်ပဲ ရှိမယ်ထင်တယ်။ အလုပ်တွေ၊ ဆိုင်ပစ္စည်းတွေ အားလုံး ထားခဲ့ရတာပေါ့။ အဝတ်အစားနည်းနည်းလောက်နဲ့ အရေးပေါ်သုံးလိုရမယ့်ဟာတွေလောက်ပဲ ယူခဲ့ရတယ်။ ကျန်တာ ဘာမှ မယူခဲ့ရဘူး။ ” ဟု ပြောသည်။
မြိုခံအများစုက ဧရာဝတီတိုင်းဘက်ကို တိမ်းရှောင်ကြပြီး ပြည်သူတချို့မှာမူ သံတွဲမြိုနယ်၊ ကျေးရွာတချို့နှင့် ဂွမြို့နယ်မှ ကျေးရွာတချို့သို့ တိမ်းရှောင်ကြကြောင်း သိရှိရသည်။
စစ်ရှောင်လာကြသော ဂွမြိုနယ် ဒေသခံများထံမှ ဧရာဝတီတိုင်း အဝင်ဂိတ်များတွင် ပိုက်ဆံတောင်းယူနေကြပြီး ဧရာဝတီထဲက ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှာလည်း နေထိုင်ခွင့်အတွက် ပိုက်ဆံတောင်းယူနေကြသည်ဟု သတင်းထွက်ပေါ်နေသည်။
ဓာတ်ပုံ – ရခိုင်ပြည်တွင် စစ်ဘေးရှောင်နေကြရသည့် ပြည်သူများကို AA မှ ရဲဘော်များက ကူညီဆောင်ရွက်ပေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar