29 C
Yangon

စစ်တွေ၊ ဗျိုင်းဖြူကျေးရွာမှ အသက် ၁၀ နှစ်ကျော်အရွယ် မိန်းကလေး ၂ ဦး အပါအဝင် အမျိုးသမီးငယ် ၃ ဦးထက်မနည်းကို စစ်တပ်နှင့်ပူးပေါင်းတပ်ဖွဲများက အဓမ္မပြုကျင့်ခဲ့

Must read

ရန်ကုန်| ဩဂုတ် ၂၀

ရခိုင်ပြည်၊ စစ်တွေမြိုနယ်၊ ဗျိုင်းဖြူကျေးရွာမှ အသက် ၁၀ နှစ်ကျော်အရွယ် မိန်းကလေး ၂ ဦး အပါအဝင် အမျိုးသမီး ၃ ဦးထက်မနည်းကို စစ်တပ်နှင့်ပူးပေါင်းတပ်ဖွဲများက အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

အဓမ္မပြုကျင့်မှုဖြစ်စဉ်များမှာ စစ်ကောင်စီတပ်နှင့်ပူးပေါင်းအဖွဲက ဗျိုင်းဖြူ ကျေးရွာအတွင်း ဝင်ရောက်စီးနင်းခဲ့သည့် မေလ ၂၉ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်တပ်နှင့်ပူးပေါင်းတပ်ဖွဲ၏ အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးငယ်များမှာ အသက် ၁၀ ကျော်အရွယ် ၂ ဦးနှင့် အသက် ၂၀ ကျော်၁ ဦးတို စုစုပေါင်း အမျိုးသမီး ၃ ဦး ဖြစ်ကြောင်း သိရှိရသည်။

အဓမ္မပြုကျင့်ခံရသူထဲ စိတ်ရောဂါဝေဒနာ ခံစားနေရသူ အမျိုးသမီးငယ်တစ်ဦးပါဝင်ပြီး ထိုအမျိုးသမီးငယ် အဓမ္မပြုကျင့်ခံခဲ့ရကြောင်း မုဒိမ်းကျင့်ခံခဲ့ရသည့်အမျိုးသမီးငယ်နှင့်နီးစပ်သူ ဗျိုင်းဖြူရွာဒေသခံ တစ်ဦးက ပြောသည်။

“ရွာကို စစ်သားတွေ ဝင်လာတဲ့နေ့က ထွက်ပြေးကြတယ်လေ။ အဲဒီမှာ အဲ့ဒီကောင်မလေးက သူ့အဖိုးနဲ့အတူ ကျန်ခဲ့တယ်။ အဖိုးက နေမကောင်းလို မထနိုင်ရှာဘူး။ ကောင်မလေးက စိတ်မမှန်တော့ ခေါ်မရလို ထားခဲ့ရတာ။ နှစ်ယောက်တည်းကျန်ခဲ့တုန်း စစ်သား ၅ ယောက်ဝင်လာပြီး အဓမ္မကျင့်ကြတာ အဖိုးဖြစ်သူက မြင်ခဲ့တယ်။ အဖိုးဖြစ်သူကိုလည်း ရိုက်နှက်ပြီးထားခဲ့ကြတယ်” ဟု ဒေသပြည်သူက ရှင်းပြသည်။

အဆိုပါ အဖိုးဖြစ်သူနှင့် မြေးဖြစ်သူတိုမှာ စစ်ကောင်စီထိန်းချုပ်ထားဆဲ စစ်တွေမြိုထဲတွင် စစ်ဘေးရှောင်နေကြရပြီး ဖြစ်သလို နေထိုင်စားသောက်နေရကြောင်း စုံစမ်းသိရှိရသည်။

ယင်းအပြင် မေလ ၂၉ ရက်နေ့ ညဉ့်အချိန်တွင်လည်း အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအပါအဝင် အခြားအမျိုးသမီးလူကြီးပိုင်းအချိုကို စစ်ကောင်စီတပ်သားများက ခွဲထုတ်ခေါ်ယူသွားပြီးနောက် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်ဖြစ်သူကို ထပ်မံခွဲထုတ်ခေါ်ယူကာ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်သားများ ဆွဲထုတ်ခေါ်ယူခံရသည့် သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးက “အဲ့နေ့ ညည့် ၁၂ နာရီလောက်မှာ အမျိုးသမီးတချိုကို လူအုပ်ကနေ ခွဲထုတ်ပြီး ခေါ်သွားတယ်။ အဲ့ထဲမှ အသက် ၁၅ နှစ် ကောင်မလေးတစ်ယောက် ပါသွားတယ်။ ကျန်တဲ့သူတွေပြန်ပိုပေမယ့် သူ့ကိုကျတော့ ပြန်မပိုဘူး။ သူမကို မျက်နှာကိုအုပ်ပြီး တစ်ခြားနေရာကိုခေါ်သွားကြတယ်။ အဲ့ဒီကောင်မလေးကို မိသားစုဝင်တွေ ငိုယိုလိုက်ရှာကြတော့ နောက်တစ်နေ့ ညနေစောင်းလောက်ကျမှ ပြန်ခေါ်လိုရခဲ့ကြတယ်။ ဘာတွေဖြစ်ခဲ့လဲ မေးကြည့်တော့ အဓမ္မပြုကျင့်ခံခဲ့ရတယ်လို သိရတယ်။ ” ဟု ပြောသည်။

ဗျိုင်းဖြူကျေးရွာတွင် ထိုကဲ့သို အဓမ္မပြုကျင့်ခံခဲ့ရသူများမှာ ဖော်ပြပါ အမျိုးသမီးငယ် ၂ ဦးအပါအဝင် နောက်ထပ် အသက် ၂၀ ကျော်အမျိုးသမီးတစ်ဦးလည်းပါဝင်ပြီး သူမမှာ ဖြစ်စဉ်ကို ထုတ်ဖော်မပြောလိုကြောင်း သိရှိရသည်။

ဗျိုင်းဖြူကျေးရွာမှ အမျိုးသား၊ အမျိုးသမီးများမှာ မေလ ၂၉ ရက်ကစပြီး စစ်ကောင်စီတပ်သားများ၏ လက်နောက်ပြန်ကြိုးတုပ်ခြင်းကိုခံရကာ ရွာပြင်၌ ၃ ညခန့် စုဝေးအိပ်ခဲ့ရကြောင်း စုံစမ်းသိရသည်။

ယင်းအထဲက အမျိုးသမီးအချိုအပါအဝင် အမျိုးသား ၂၀၀ ကျော်ကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးကာ ၁၀၀ ခန့်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း၊ သက်ကြီးပိုင်းအမျိုးသားများနှင့် အမျိုးသမီးများ၊ ကလေးငယ်များကို ပြန်လွှတ်ပေးခဲ့သည်ဟု ပြန်လွတ်လာကြသူများက ပြောသည်။

ဗျိုင်းဖြူရွာသို အကြမ်းဖက်စီးနင်းဝင်ရောက်ကာ အရပ်သားများအား မတရားဖမ်းဆီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်သားများအပါအဝင် စစ်ကောင်စီသင်တန်းဆင်း မွတ်ဆလင်လက်နက်ကိုင်အဖွဲနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တို ပူးပေါင်းပါဝင်ခဲ့ကြောင်း AA က ထုတ်ပြန်ပြောဆိုထားသည်။

စစ်တွေမြိုတွင် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရှိပြီး AA ပြောဆိုချက်သည် စွပ်စွဲခြင်းသာဖြစ်ပြီး ဗျိုင်းဖြူရွာဖြစ်စဉ်တွင် ပါဝင်သတ်ခြင်းမရှိကြောင်း ALP က ငြင်းဆိုထားသည်။

ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP သည် အာဏာသိမ်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ယူဆောင်ထားသော အဖွဲအစည်းတစ်ခုဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article