ဒီကနေ့ ဩဂုတ် ၂၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ် တို့ တွေ့ဆုံခဲ့ကြတဲ့အချိန် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အားလုံးထက် တရုတ်နိုင်ငံက အလိုလားဆုံးဖြစ်တယ်ဆိုပြီး တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ပြောဆိုလိုက်တယ်လို့ တရုတ်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
- စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ မြတောင် တပ်စခန်းကို KIA နဲ့ တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်တွေက စတင်တိုက်ခိုက်နေပြီး ကာကင်း ၃ ခုကို သိမ်းပိုက်ရရှိထားပြီဖြစ်သလို ၊ စစ်ကောင်စီဘက်က တိုက်လေယာဉ်တွေနဲ့ပါ ဗုံးကျဲတိုက်ခိုက်ပြီး အသည်းအသန် ခုခံ နေတယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပဲခူးတိုင်းက တောင်ငူလေတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၁၀၇ မမ ရှော့တိုက် ဒုံး ၇ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၄ လုံးက လေတပ်အတွင်း ထိမှန်ပေါက်ကွဲသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar