ဒီကနေ့ ဩဂုတ် ၂၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရန်ကုန်တိုင်းအတွင်း PDF တွေ စိမ့်ဝင်လာနိုင်တယ်ဆိုပြီး အကြမ်းဖက်စစ်ကောင်စီက မြို့နယ်၊ ရပ်ကွက်၊ ဟိုတယ် နဲ့ တည်းခိုခန်းတွေအပြင် အဆောင်တွေမှာပါ ဧည့်စာရင်းတွေကို ပိုမိုတင်းကျပ်စွာ စစ်ဆေးနေပြီး စစ်ဘေးရှောင်ပြည်သူတွေရှိရင်လည်း သူတို့ကို သတင်းပေးဖို့ စစ်ကောင်စီက ညွန်ကြားထားတယ်လို့ ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရခိုင်ပြည် ဂွမြို့အနီးမှာ အာရက္ခတပ်တော်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေ တာကြောင့် မြေဧက ၃၁၀ ကျော် ကျယ်ဝန်းတဲ့ ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်းဟာ တစ်ပိုင်းတစ်စနဲ့ ရပ်တန့်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။
- မုံရွာအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြမှုနဲ့ ကြွေးကြော်သံတိုင်ကာ ဆန္ဒပြခဲ့ကြတယ်လို့ဆိုပြီး နိုင်ငံရေး အကျဉ်းသား ၁၇ ဦးကို တရားစွဲဆိုထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar