ရန်ကုန်၊ ဩဂုတ် ၂၂
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ သာကြီးတောင်နယ်မြေရဲစခန်းနှင့် ကျပ်ထိုးနယ်မြေရဲစခန်းမှ ရဲ၊ စစ်သား များအားလုံး စခန်းစွန့်ခွာသွားသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ရှင်းလင်းလျက်ရှိ ကြောင်း Pakokku People Defense Force – PPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဩဂုတ် ၂၂ ရက်နေ့ နံနက် ၂ နာရီခန့်အချိန် ပခုက္ကူမြို့နယ်၊ သာကြီးတောင်နယ်မြေ ရဲ စခန်းမှ ရဲများအားလုံးသည် ကမ္မမြို့ပေါ်ရှိ ရဲစခန်းကိုလည်းကောင်း၊ ကျပ်ထိုးနယ်မြေရဲစခန်းမှ ရဲများ အားလုံးသည် ညောင်ဂျစ်ပင်ရွာ ပျူစောထီးစခန်းသို့လည်းကောင်း စခန်းစွန့်ခွာပြီး သွားရောက် ပူး ပေါင်းခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်ရှင်းလင်းလျက်ရှိရာ ရိက္ခာ ဆန်၊ ဆီ အချို့နှင့်အသုံးအဆောင်အချို့သိမ်းဆည်းရရှိထားကြောင်း သိရသည်။
“သာကြီးတောင်က ညတုန်းက ၁၂ နာရီ မိနစ် ၄၀ လောက်မှာ ဆုတ်သွားတာ၊ အင်အားက ၃၀ လောက်ပဲရှိတာ။ သူတို့က ကမ္မကိုသွားပေါင်းတာ။ ဒီမနက်တော့ နယ်မြေခံအဖွဲ့တွေ ရှင်းလင်းရေး လုပ်နေတယ်။ စခန်းကိုတော့ မီးရှို့ပစ်လိုက်ကြတယ်။ ကျပ်ထိုးရဲစခန်းကလည်း ဒီမနက်ပဲ သေနတ် တွေပစ်ဖောက်ပြီး ဆုတ်သွားကြတာ။ သူတို့ကတော့ ညောင်ဂျစ်ပင်ဘက်ကို ပေါင်းမယ်လို့ ကြား တယ်။အခုကတော့ သူတို့က လမ်းမှာပဲရှိသေးတယ်။ ကျပ်ထိုးရဲစခန်းကိုလည်း သာကြီးတောင်လိုပဲ နယ်မြေခံအဖွဲ့တွေဝင်ရှာရှင်းလင်းတော့ ဆန်နဲ့ ဆီပဲ ကျန်ခဲ့တယ်။ လက်နက်တွေဘာတွေတော့ အ ကုန်သူတို့ယူသွားတယ်။”ဟု Pakokku People Defense Force – PPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စခန်းစွန့်ခွာသွားသော သာကြီးတောင်နယ်မြေရဲစခန်းသည် အင်အား ၃၀ ခန့်ဖြင့်လည်းကောင်း၊ ကျပ်ထိုးနယ်မြေရဲစခန်းသည် အင်အား ၂၅ ဦးခန့်ဖြင့်လည်းကောင်း တပ်စွဲထားခြင်းဖြစ်ပြီး ကမ္မမြို့ ပေါ်ရှိ ရဲစခန်းမှ ရဲများသည်လည်း စခန်းအပြင်သို့ ထွက်ရဲခြင်းမရှိတော့ဘဲ ပစ္စည်းများ ဝယ်လိုပါက အနီးအနားလာရောက်သူများကို အတင်းအဓမ္မခေါ်ယူကာ စေခိုင်းဝယ်ယူ လျက်ရှိကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar