33 C
Yangon

မြန်မာနိုင်ငံမှာ မျောက်ကျောက်ရောဂါကူးစက်မှုတားဆီးဖို့ ပြည်ပပြန်တွေ အားလုံး လေဆိပ်မှာ ခရီးသွားရာဇဝင်ဖြည့်ရမယ်လို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်

Must read

ရန်ကုန်| ဩဂုတ် ၂၂

အိမ်နီးချင်းထိုင်းနိုင်ငံကို မျောက်ကျောက်ရောဂါ ကူးစက်ရောက်ရှိနေပြီလို့ သတင်း ထွက်ပေါ်အပြီး မျောက်ကျောက်ရောဂါကူးစက်မှုတားဆီးဖို့ ပြည်ပက ပြန်လာသူတွေ လေဆိပ်မှာ ခရီးသွားရာဇဝင်ဖြည့်စွက်ရမယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရောဂါဖြစ်ပွားနေတဲ့နိုင်ငံတွေကို သွားတာ ဒါမှမဟုတ် ပြန်ရောက်ပြီး ရောဂါလက္ခဏာတွေပြလာရင် လေဆိပ်ကျန်းမာရေးဌာန ကို သတင်းပို့ရမယ်လို့လည်းဆိုပါတယ်။

အာဖရိကတိုက်ဘက်ကနေ စတင်ကူးစက်လာတဲ့ မျောက်ကျောက်ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOက အရေးပေါ်အခြေအနေကြေညာထားပြီး လက်တလော ဒေသတွင်းထိုင်းနိုင်ငံမှာ အာဖရိကတိုက်ကနေ ပြန်ရောက်လာသူတဦးဆီမှာ ရောဂါလက္ခဏာတွေတွေ့ရှိခဲ့တယ်လို့ ဘန်ကောက်ပိုစ့်သတင်းဌာန ကဆိုပါတယ်။

လက်ရှိ မျောက်ကျောက်ရောဂါသည် နိုင်ငံဖြတ်ကျော် ကူးစက်မှု အခြေအနေများပြားလာခြင်းနှင့်အတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အရေးပေါ် အခြေ အနေ နှစ်ကြိမ် ကြေညာထားပါတယ်။

တစ်ကမ္ဘာလုံးမှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှုမြင့်တက်နေပြီး သေဆုံးမှုတွေလည်းဖြစ်ပေါ်နေပါတယ်။ Monkeypox ဆိုတဲ့ မျောက်ကျောက်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ရောဂါဖြစ်ပြီး အဲဒီဗိုင်းရပ်စ် တိရစ္ဆာန်မှ လူသို့ ကူးစက်နိုင်တဲ့ ဇီနိုဗစ်ရောဂါပိုးတစ်မျိုး ဖြစ်ကာ လူမှ လူသို့လည်း ကူးစက်နိုင်သော ဗိုင်းရပ်စ်ပိုးဖြစ်ပါတယ်။ အဲဒီရောဂါက အပြင်းအထန်ဖျားပြီး ကူးစက်မှုကတော့ အဓိက အားဖြင့် လိင်ဆက်ဆံခြင်း ၊ အရေပြားချင်း ထိတွေ့ခြင်း ကနေ ကူးစက်ပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article