ဒီကနေ့ ဩဂုတ် ၂၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နိုင်ငံတကာရဲ့ အရေးယူဖို့ ပျက်ကွက်မှုကြောင့် မြန်မာနိုင်ငံက တရားမဝင်စစ်တပ်မှာ သက်တမ်းရှည်ပြီး ရာဇဝတ်မှုတွေ ကျူးလွန်ခွင့်လိုင် စင် ရရှိနေတယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြပြောဆိုလိုက်တာဖြစ်ပါတယ်။
- အာဏာသိမ်း စစ်ကောင်စီရဲ့ ဗိုလ်လောင်းဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲ စစ်ဆေးမယ့် သတ်မှတ် နေရာတွေမှာ ရခိုင်ဒေသနဲ့ ရှမ်းမြောက်ဒေသ မပါဝင်တော့ဘူးလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
- မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ပြီး အောင်ပွဲရရှိခဲ့တဲ့ PDF ရဲဘော်တွေကို ပြည်သူတွေက သောင်းသောင်းဖြဖြကြိုဆိုခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar