30 C
Yangon

မုံရွာ-အမြင့်လမ်းနှင့် လယ်ဒိုရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊လေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဩဂုတ် ၂၈

စစ်ကိုင်းတိုင်း၊ မုံရွာ-အမြင့်လမ်းနှင့် ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၈ နာရီ ၃၂ မိနစ်ခန့်တွင် မုံရွာ-ချောင်းဦးလမ်းပိုင်းရှိ စွမ်းရည်ထက် ဆီဆိုင်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အနောက်တောင်ဘက်ရှိ ကျေးရွာများကို ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပစ်ခတ်သော လက်နက်ကြီးကျည်များသည် မည်သည့်နေရာတွင် ကျရောက် ပေါက်ကွဲပြီး ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီမှ ည ၉ နာရီခန့်ထိ လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၂ မမ နှင့် ၁၂၀ မမ စုစုပေါင်း လက်နက်ကြီး ၁၁ လုံးပစ်ခတ်မှုကြောင့် ဘုရားကြီးကျေးရွာ၊ ပဒဲကောကျေးရွာ၊ ကညင်ကြိုးကျေးရွာ၊ ငါးဖယ်အင်းကျေးရွာနှင့် လက်ခံကျေးရွာ အကြားတွင် ကျရောက်ပေါက်ကွဲ ခဲ့ကြကြောင်းသိရှိရသည်။

ဩဂုတ် ၂၄ ရက်နေ့ နံနက် ၉ နာရီ နှင့် ည ၁၀ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်တပ် ၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၂ မမ နှင့် ၁၂၀ မမ စုစုပေါင်း လက်နက်ကြီး ၆ လုံးပစ်ခတ်ခဲ့ရာမှ ကုန်းမြင့်သာ ယာကျေးရွာနှင့် ယောက်သွားကုန်းကျေးရွာ အနီးတွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ဩဂုတ် ၂၃ ရက်နေ့ နံနက် ၉နာရီ ၃၆မိနစ် အချိန်နှင့် ညနေ ၂နာရီ အချိန်တွင် အကြမ်းဖက် စစ်တပ် ၏ ခလရ-၂၆၄ တပ်ရင်းက ၈၁ မမနှင့် ၁၂၀ မမ စုစုပေါင်း ၄ လုံးပစ်ခတ်ခဲ့ရာ ကညွန့်ကုန်းကျေးရွာနှင့် ယောက်သွားကုန်းကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ည ၆ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၈၁ မမ ၃ လုံးပစ်ခတ်မှုကြောင့် ပဒဲကောကျေးရွာအတွင်းတွင် ကျရောက်ပေါက်ကွဲခဲ့ရာ ပဒဲကောကျေးရွာနေ စောဆဲထီဖိုး ၏ ညာဘက်ပခုံးတဖက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်းသိရှိသည်။

ထို့ပြင် ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၁နာရီ အချိန်တွင် အကြမ်းဖက် စစ်တပ်က ထီးဝါထာကျေးရွာအတွင်းသို့ လေကြောင်းဖြင့် ၄ ကြိမ်လာရောက်ပစ်ခတ်ခဲ့ကြကြောင်းသိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article