32 C
Yangon

ထီးချိုင့်မြို့သို့ တက်လာသော စစ်ကောင်စီတပ်၏ စစ်သင်္ဘော ၅ စင်းကို ပစ်ခတ်တိုက်ခိုက်မှု ၂ ထပ်စစ်သင်္ဘော ၂ စီးထိခိုက်ပျက်စီး

Must read

ထီးချိုင့်မြို့သို့ တက်လာသော စစ်ကောင်စီတပ်၏ စစ်သင်္ဘော ၅ စင်းကို ပစ်ခတ်တိုက်ခိုက်မှု ၂ ထပ်စစ်သင်္ဘော ၂ စီးထိခိုက်ပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၂

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့သို့ တက်လာသော စစ်ကောင်စီတပ်၏ စစ်သင်္ဘော ၅ စင်းကို KIA နှင့် PDF ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ရာ ၂ ထပ်စစ်သင်္ဘော ၂ စီးထိခိုက်ပျက်စီးသွားကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန် ထီးချိုင့်မြို့သို့ တက်လာသော စစ်ကောင်စီတပ်၏ စစ်သင်္ဘော ၅ စီးအနက်မှ ၂ စီးကို ထီးချိုင့်နှင့်မြတောင်အကြားတွင် KIA နှင့် PDF ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ၂ ထပ် စစ်သင်္ဘော ၂ စီးမှာ လက်နက်ကြီးထိမှန်၍ မီးလောင်ပျက်စီးသွားကြောင်း၊ ကျန် ၃ စီးမှာလည်း ရေလည်တွင် ရပ်တန့်ထားကြောင်း၊ ကျန်ရှိနေသော စစ်သင်္ဘော ၃ စီးကို ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

“အောက်ဘက်ကနေ ဆန်တက်လာတဲ့ စစ်ခွေးသံခွန်ကြီး သင်္ဘော ၅ စီးက ထီးချိုင့်ကို ရောက် လာတယ်။ သင်္ဘော ၂ စီးကို ထီးချိုင့် နဲ့ မြတောင်အကြားမှာ KIA နဲ့ ပူးပေါင်းအဖွဲ့က ပစ်ခတ်ဖျက်ဆီးလိုက်ပြီ။ ကျန် ၃ စီးကတော့ ရေလည်မှာရပ်နေတယ်။ ကျန် ၃ စီးကိုပစ်ခတ်နေဆဲပါ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါစစ်သင်္ဘောများသည် ၎င်းတို့ ဖြတ်သန်းလာရာ မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်ခဲ့ကြောင်း၊ လမ်းခရီးတစ်လျှောက်တွင် PDF တပ်များက ယင်းစစ်သင်္ဘောများကို ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှီရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article