28 C
Yangon

ရေစကြိုမြို့နယ်၊ ရှင်မတောင်ပေါ်မှ ပြန်ဆင်းလာသော စစ်ကြောင်းကို တိုက် ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး ကျည်ဆန်များ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်ပေါ်မှ ပြန်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိပြီး နယ်မြေရှင်းလင်းစဉ် ကျည်ဆံများ သိမ်းဆည်းရရှိခဲ့ကြောင်း ရေ စကြို ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် ရေစကြိုမြို့နယ်၊ ရှင်မတောင်‌ တောင်ပေါ်မှ အင်အား ၆၀ ခန့် ဖြင့် ပြန်ဆင်းလာသော အကြမ်း ဖက်စစ်တပ် စစ်ကြောင်းကို အသင့်စောင်ကြိုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြားခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှု ရှိ နိုင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာနေရာအား နယ်မြေရှင်းလင်းစဉ် Uzi ကျည်ဘောက် ၁ ဘောက် ၉ မမ ကျည်ဆန် ၈၄ တောင့်နှင့် အခြားပစ္စည်းများ သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

“ရှင်မတောင် တောင်ပေါ်မှာရှိတဲ့ စစ်သားတွေနဲ့ ပခုက္ကူတပ်မ ၁၀၁ ကစစ်သား‌တွေ လူချင်းချိန်းတာ။ ရိက္ခာမပါဘူး။ သူတို့က ပြီးခဲ့တဲ့လ ၂၆ ၊ ၂၇ လောက် ကတည်းက တောင်အိုတာတိုင်ဂိတ်ကနေ တက်ဖို့ပြင်နေတာ၊ ဝေ့ လည်ဝေ့လည်နဲ့လုပ်နေတာ။ တကယ်တက်သွားတာက ၃၀ ရက်နေ့ ညပိုင်း မှာ တက်သွားတာ။ ပြီးတော့ ၃၁ ရက်နေ့မှာ ပြန်ဆင်းလာတာ၊ ချက်ချင်းပဲ။ သေဆုံးထိခိုက်တော့ မသိရဘူး။ အဲဒီတောင်အိုတာတိုင်ဂိတ်ကနေ ပခုက္ကူမြို့ကို စက် တင်ဘာလ ၁ ရက်နေ့ကတည်းက ပြန်သွားပြီ” ဟု ရေ စကြို ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) နှင့်အတူ ပခုက္ကူခရိုင် တပ်ရင်းအမှတ် ၉ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article