27 C
Yangon

AA သိမ်းပိုက်ထားသော မောင်တောမြို့ ၊ ၄ မိုင်အခြေစိုက် နယ်ခြားစောင့်တပ် ဖွဲ့ခွဲ နခခ ၂ ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲမှု စစ်သုံ့ ပန်းများ အပါ အဝင် ဖမ်းဆီးရရှိထားသော စစ်ကောင်စီဘက်တော်သား ၅၀ ကျော်သေဆုံး၊ မောင်တော UN ရုံးကိုလည်း စစ်လေယာဉ်က ဗုံးကျဲ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

ရခိုင်ပြည်တွင် AA သိမ်းပိုက်ထားသော မောင်တောမြို့ ၊ ၄ မိုင်အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ ၂ ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု စစ်သုံ့ပန်းများအပါအဝင် ဖမ်းဆီးရရှိထားသော စစ်ကောင်စီဘက်တော်သား ၅၀ ကျော်သေဆုံးကြောင်း AA က သတင်းထုတ်ပြန်သည်။

ယမန်နေ့ညပိုင်း၊ စက်တင်ဘာလ ၉ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်အချိန် ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ တပ်၏ လေကြောင်းမှ ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် နှစ်ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် မောင်တောမြို၊ လေးမိုင် (နခခ-၂) စခန်းတွင် ခေတ္တထိန်း သိမ်းထားသော စစ်သုံပန်း၊ အရပ်သား အကျဉ်းသားများထဲမှ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများ၊ ARSA ၊ RSO အကြမ်းဖက် မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီသင်တန်းဆင်း လက်နက်ကိုင်များ၊ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ ၎င်းတို့လေ့ကျင့်ထားသော သတင်းပေးများ၊ ULA/AA အဖွဲအစည်း နှင့် ရက္ခိုင့်အမျိုးသားတော်လှန်ရေးကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးရန် ကြိုးစားအားထုတ်၍ ဖမ်းဆီးစစ်ဆေးနေသောသူများ၊ စစ်တပ်လက် အောက်ခံ ALP နှင့် ဆက်စပ်နေသောသူများ၊ သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသောသူအချို့ အပါအဝင် စုစု ပေါင်း အကျဉ်းသား ၅၀ ကျော်သည် အဆိုပါ အကျဉ်းစခန်းနေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ကာ မြောက်မြားစွာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုအတူ ပြင်းထန်ဒဏ်ရာဖြင့် အသက်အန္တရာယ်စိုးရိမ်ရသူ များစွာတို့သည်လည်း ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ယမန်နေ့ ည ၈ နာရီ ၂၀ မိနစ် နှင့် ၂၃ မိနစ်တို့တွင်လည်း မောင်တောမြို့ ၃ မိုင် နှင့် ဝေသာလီ ရွာအတွင်းရှိ UN အဆောက်အအုံ တို့ကို အကြမ်းဖက် စစ်ကောင်စီက လေယာဉ်ဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သော နခခ ၂ စခန်းသည် အာရက္ခတပ်တော်က ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ တွင် အပြီးသတ်သိမ်းပိုက်ရရှိထားသော စခန်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article