25 C
Yangon

KIA နှင့် PDF ကို တိုက်ခိုက်ချေမှုန်းရန် စစ်တပ်လက်အောက်ခံ ဇခုန်တိန့်ယိန်း အမိန့်ပေးမှု မထုတ်ပြန်သင့်သော စစ်မိန့်ဟု KIO ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ဂွန်မော် မှတ်ချက်ပေး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၀

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဇခုန်တိန့်ယိန်းက KIA နှင့် PDF ကို တိုက်ခိုက်ချေမှုန်းရန် အမိန့်ပေးမှုမှာ မထုတ်ပြန်သင့်သည့် စစ်မိန့်ဖြစ်ကြောင်း KIO ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ယနေ့ လူမှုကွန်ရက်တွင် မှတ်ချက်ပြုထားသည်။

စစ်ကောင်စီလက်အောက်ခံ ကချင်ပြည်နယ်အထူးဒေသ ၁ ဥက္ကဋ္ဌ ဇခုန်တိန့်ယိန်းက ၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့စွဲဖြင့် KIA နှင့် PDF ကို တိုက်ခိုက်ချေမှုန်းရန် စစစ်မိန့်ကို ထုတ်ပြန်ခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံ BGF နယ်ခြားစောင့်တပ်ဖွဲ့ ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃တပ်ဖွဲ့များနှင့် ဒေသ လက်နက်ကိုင် ပြည်သူ့စစ်ရဲဘော်များအနေဖြင့် KIAနှင့် PDFများကို ရှေ့နောက်ပိတ်ပြီး တိုက်ခိုက်ချေမှုန်းကြရန်နင့် ပြန်လည်ထွက်ခွာခွင့်မပေးကြရန် ဇခုန်တိန့်ယိန်းက အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

ဇခုန်တိန့်ယိန်း လက်မှတ်ရေးထိုးထားသော အဆိုပါ အမိန့်ကို “ မထုတ်ပြန်သင့်သော စစ်မိန့်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က မှတ်ချက်ပြုရေးသား၍ လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

သို့ရာတွင် လက်ရှိတွင် ဝိုင်းမော်-ချီဖွေဒေသ အပါအဝင် ကချင်ပြည်နယ်တစ်ဝန်းရှိ စစ်ကောင်စီတပ်စခန်းများ၊ ပြည်သူ့စစ်စခန်းများ၊ နယ် ခြား စောင့်တပ်စခန်းများကို KIA ၊ PDF တပ်များက စစ်ဆင်ရေးဖြင့် တိုက်ခိုက်သိမ်းပိုက်လျက်ရှိပြီး စစ်တပ်စခန်းရာကျော်အထိ အများအပြားတိုက်ခိုက်သိမ်းပိုက်ရရှိထားပြီဖြစ်သည်။

ယခု ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း ၀ိုင်းမော် ပြည်သူ့စစ်ခေါင်းဆောင် ရွှေမင်းအမည်ဖြင့် “ဗိုလ်ချုပ်ဂွန်မော်နှင့် PDF များ မြစ်ကြီးနားမြို့ထဲမှ ၁၀ ရက်အတွင်းထွက်သွားကြဖို့နဲ့ ထွက်သွားခြင်းမရှိဘူးဆိုရင် သုတ်သင်ပယ်ရှင်းသွားမယ်” ဟု စာတစ်စောင် ဖြန့်ဝေခဲ့ပြီး ယင်းစာကို ဖြေရှင်းပေးရန် ဒုတိယဗိုလ် ချုပ်ကြီး ဂွန်မော်က တောင်းဆိုခဲ့ရာ ပြည်သူ့စစ်ခေါင်းဆောင် ရွှေမင်းက သူ့စာမဟုတ်ဟု ပြန်လည်ဖြေရှင်းငြင်းဆိုခဲ့သည်။

ယင်းနောက် မတ်လ ၇ ရက်နေ့ အတွင်း ၀ိုင်းမော်မြို့နယ်၊တိုက်ပွဲတွင် စစ်တပ် က်တော်သား ပြည်သူ့စစ်ခေါင်းဆောင် ရွှေမင်းမှာ ၎င်း၏တပ်ဖွဲ့ဝင်များနှင့်အတူ သွားလာရင်း ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွား ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article