28 C
Yangon

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီထံသို့ ပြန်လွှဲပြောင်း ခံရသည့် လူငယ် ၂၇ ဦးကို စစ်တပ်က အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရန် ခေါ်ဆောင်စဉ် ထွက်ပြေးလွတ်မြောက်လာ၊ လူငယ်များက အစောင့် စစ်သား ၂ ဦးကို သတ်၍ MA လက်နက် ၂ လက်ကိုပါ ယူလာ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီထံသို့ ပြန်လွှဲခံရသည့် လူငယ် ၂၇ ဦးကို စစ်တပ်က အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရန် ခေါ်ဆောင်စဉ် ထွက်ပြေးလွတ်မြောက်လာပြီး လူငယ် ၂၇ ဦးက အစောင့် စစ်သား ၂ ဦးကို သတ်၍ MA လက်နက် ၂ လက်ကိုပါ တစ်ပါတည်းယူဆောင်လာကြောင်း ကရင်ဘာသာဖြင့် ထုတ်ပြန်သော Kwekalu က သတင်းဖော်ပြသည်။

ထိုင်းနိုင်ငံဘက်အခြမ်းတွင် ထိုင်းအာဏာပိုင်များက လူငယ်များကို ဖမ်းဆီး၍ စစ်ကောင်စီထံသို့ ပြန်လွှဲပြောင်းမှုများရှိနေကြောင်း၊ ယင်းလူငယ်များကို စစ်ကောင်စီက အတင်းအဓမ္မ စစ်မှုထမ်းခိုင်းနေကြောင်း၊ ယခု လွတ်မြောက်လာသော လူငယ် ၂၇ ဦးမှာ ထိုင်းနိုင်ငံက မြန် မာနိုင်ငံဘက်သို့ ပြန်လွှဲပြောင်းလိုက်သော လူငယ်များဖြစ်ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၈ ရက်နေ့တွင် ထိုင်းဘက်မှ ပြန်လည် လွှဲပြောင်းခံရသော လူငယ် ၂၇ ဦးကို စစ်တပ်က တနင်္သာရီတိုင်း၊ မြိတ်မြို့မှ ပလောက်မြို့ အခြေစိုက် အမှတ် ၁၂ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တိုင်းဗဟို-၁၂) သို့ စက်လှေဖြင့် ခေါ်ဆောင်လာကြောင်း၊ ထိုသို့ ခေါ်ဆောင်လာစဉ် လူငယ်များက လှေပေါ်ပါ စစ်သား ၂ ဦးကို လုံးထွေးသတ်ပုတ်၍ ရေထဲသို့ ကန်ချခဲ့ကြကြောင်း၊ ယင်းနောက် စစ်သား ၂ ဦး၏ လက်နက် ၂ လက်ကိုပါ ယူဆောင်၍ KNU တပ်မဟာ ၄ ထံတွင် ခိုလှုံခဲ့ကြကြောင်း သိရှိရသည်။

စစ်ကောင်စီက ထိုင်းနိုင်ငံဘက်မှ ပြန်လည်လွှဲပြောင်းသည့် အမျိုးသားလူငယ်များအားလုံးကို နေရပ်များသို့ ပြန်လည် လွှတ်ပေးခြင်းမရှိဘဲ စစ်သားအဖြစ် စုဆောင်းမှုများ လုပ်ဆောင်နေကြောင်း၊ စက်တင်ဘာလ ၇ ရက်နေ့ စက်လှေ ၃ စီးဖြင့် ထိုင်းနိုင်ငံက ပြန်လည် လွှဲပြောင်းသည့် အမျိုးသား လူငယ်များကို စစ်ကောင်စီက ကော့သောင်းမှ မြိတ်မြို့သို့လည်းကောင်း၊ မြိတ်မြို့မှ ပလောက်မြို့ အခြေစိုက် အမှတ် ၁၂ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း သို့ တပ်သားသစ်အဖြစ် အတင်းအဓမ္မ ဖမ်းဆီး စုဆောင်းခေါ်ဆောင် လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article