27 C
Yangon

မြင်းခြံတွင် စစ်တပ်စစ်ကြောင်း ထိုးစစ်ဆင်လာစဉ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး လက်နက်၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၁

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်တပ်စစ်ကြောင်း ထိုးစစ်ဆင်လာစဉ် တိုက် ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး လက်နက်၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း Myingyan Black Tiger (MBT)မှ ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၉ ရက်နေ့ ည ၁၁ နာရီအချိန်၊ စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၇ နာရီအချိန်တို့တွင် စစ်တပ်စစ်ကြောင်းက မြင်းခြံမြိုနယ်၏ မြောက်ဘက်ခြမ်းရှိ Myingyan Black Tiger (MBT)တပ်ဖွဲ့ ၏ စစ်ကြောင်း (၁) နယ်မြေအတွင်း စုစုပေါင်းနှစ်ကြိမ် ဝင်ရောက်ချဉ်းကပ်၍ အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော်များနှင့် မဟာမိတ်များက ပြန်လည် ပစ်ခတ်မှုလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် စစ်တပ်စစ်ကြောင်းက ထပ်မံထိုးစစ်ဆင်လာရာ တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်မိုင်းများထိ၍ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးပြီး ထိခိုက်မှုအချိုရှိခဲ့ကြောင်း၊ စစ်တပ်စစ်ကြောင်းမှာ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း၊ ယင်းနောက် MBTတပ်ဖွဲ့ နှင့် ညီနောင်မဟာမိတ်များက နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာ G-3 သေနတ် တစ်လက်နှင့် 7.62 ကျည် ၁၂တောင့်အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်ဆင်ရေးကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် ၉တပ်ရင်းနှင့်အတူ Myingyan Eagle Defense Force (MEDF)နှင့် Popa Guerilla Force (PGF)တို့က ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article