24.8 C
Yangon

ကရင်နီတွင် KNDF ဆေးတပ်သား ၁၈ ဦး ရေထဲမျောပါ သေဆုံးခဲ့ပြီး ဗဟိုက ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးထုတ်ပြန်မည်ဟု ကြေညာ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၃

ကရင်နီပြည်တွင် KNDF မှ ဆေးတပ်သား ၁၈ ဦး ရေထဲမျောပါ သေဆုံးမှု ဖြစ်ပွားကြောင်း KNDF ကတရားဝင် သတင်းထုတ်ပြန်ကြေညာသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဆေးဌာနမှကြီးမှူးဖွင့်လှစ်သော ဆေးသင်တန်းမှ သင် တန်း သားများက သင်ခန်းစာမစ်ရှင်လေ့ကျင့်ခြင်းပြုလုပ်နေစဉ် ရေချောင်းတခုကိုဖြတ်ကျော် ရန် ကြိုးစားအားထုတ်ရာတွင် မတော်တဆဖြစ်ပွားခဲ့ကာ ဆေးသင်တန်းသား(၁၈)ဦး ရေထဲသို့မျောပါကာ ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

ဆေးသင်တန်းသည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့် တပ်ပေါင်းစုံတို့၏လိုအပ်ချက်အရ ကရင်နီပြည်အတွက် လူ့စွမ်းအားအရင်း အမြစ်များ ပိုမိုတိုးတက်ကောင်းမွန်ရန် ရည်ရွယ်ချက်ဖြင့် သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ ထိုသင်တန်းမှ ဆေးတပ်သားများ တိုးပွားလာစေရန်အတွက်လည်း ရည်မှန်းထားခဲ့ကြောင်း၊ သို့သော် ယခုကဲ့သို့ မတော်တဆဖြစ်စဉ် ဖြစ်ပေါ်လာခဲ့ပြီး ဆေးသင်တန်းသား ၁၈ ဦး ဆုံးရှုံးခဲ့ရသည့်အပေါ် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF) အနေဖြင့် သက်ဆိုင်ရာမိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့များနှင့်အတူ များစွာဝမ်း နည်းကြေကွဲရကြောင်း၊ ယခုမတော်တဆဖြစ်စဉ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဗဟိုအနေဖြင့် လိုအပ်သည့်စုံစမ်းစစ်ဆေးမှုများပြု လုပ်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့များနှင့် ပြည်သူများသို့ အသိပေး ထုတ်ပြန်အသိပေးသွားမည် ဖြစ်ကြောင်း ကြေညာသည်။

KNDF နှင့်တပ်ပေါင်းစုံအနေဖြင့် လိုအပ်နေသောလူ့အရင်းအမြစ်များနှင့် တော်လှန်ရေးရည်မှန်းချက်များကို မဆုတ် မနှစ် ဆက်လက်ကြိုးပမ်းရင်း တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နှင့် အမှားအနည်းဆုံးဖြစ်အောင် ဆက်လက်ကြိုးပမ်းသွားကြ မည်ဟ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF )က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ရေနစ်သေဆုံးသည့် ဆေးတပ်သားတစ်ဦး၏ Dead Body ကို သယ်ဆောင်လာစဉ်။

Photo- Karenni People’s Voice

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရေနစ်သေဆုံးသည့် ဆေးတပ်သားတစ်ဦး၏ Dead Body ကို သယ်ဆောင်လာစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article