27 C
Yangon

ကလေးများ သေဆုံးစေခဲ့သည့် ဖယ်ခုံ၊ ဘန်ကောက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက ဗုံးကျဲမှု အရပ်ဘက် အဖွဲ့ နှင့်တော်လှန်ရေးအင်အားစု ၃၁၆ ဖွဲ့က ရှုတ်ချပြီး လက်နက်နှင့်လေယာဉ်ဆီများ စစ်တပ်ထံ မရောင်းရန် နိုင်ငံတကာကို တောင်းဆို

Must read

ရန်ကုန် | စက်တင်ဘာ ၁၆

ရှမ်း-ကရင်နီအစပ် ၊ ဖယ်ခုံမြို့နယ်မှာ ပြည်သူ ၉ ဦးသေဆုံးစေခဲ့တဲ့ ဘန် ကောက် စစ်ဘေးရှောင်စခန်းကို အာဏာ သိမ်း စစ်ကောင်စီတပ်က လေ ကြောင်း ကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာကို ပြင်းထန်စွာ ရှုတ်ချတယ်လို့ အရပ်ဘက်အဖွဲ့အစည်း ၃၁၆ဖွဲ့က စက်တင်ဘာလ ၁၂ ရက်နေ့ နေ့စွဲဖြင့် ပူးတွဲ ထုတ် ပြန်ကြေညာပါတယ်။

စက်တင်ဘာလ ၅ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဆိုပါဗုံးကျဲမှုအတွင်း ကလေးငယ်တွေ အပါအဝင် အရပ်သား ၉ ဦးထက်မနည်း သေဆုံးပြီး စစ်ဘေးရှောင်ပြည်သူ ၂၀ ကျော် ဒါဏ်ရာရရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို ကရင်နီပြည်က အရပ်ဘက်အဖွဲ့အစည်းတွေက အပြင်းထန်ဆုံး စကားလုံးတွေနဲ့ ရှုတ်ချတယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက် မှစတင်၍ အခု ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ကရင်နီပြည်ထဲ အရပ်သားပစ် မှတ် တွေကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှု ၃၁၃ကြိမ် ကျူးလွန်ခဲ့ပြီး ဘုရားကျောင်း ၅၂ကျောင်း၊ စာ သင်ကျောင်း ၂၅ ကျောင်း၊ ဆေးရုံ ၁၆ခုပျက်စီးပြီး အရပ်သား ၅၁၅ ဦး သေကြေထိခိုက်ခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ဆိုပါတယ်။

စစ်အုပ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ကရင်နီပြည်က လူဦးရေ ၂သိန်းဝန်ကျင် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။

အခုလို အကြမ်းဖက်တိုက်ခိုက်တာတွေ ရပ်တန့်ဖို့ စစ်ကောင်စီကို လက်တွေ့ကျတဲ့ အပြစ်ပေးအရေးယူတာတွေ ပြုလုပ်ပေးဖို့နဲ့ လေယာဉ်ဆီ၊ လက်နက်ခဲယမ်းရောင်းချတာတွေ ရပ်တန့်ဖို့ နိုင်ငံတကာကိုလည်း အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

ဓာတ်ပုံ – စက်တင်ဘာလ ၅ ရက်နေ့ ညပိုင်း ဖယ်ခုံ၊ စစ်ရှောင်စခန်း ဗုံးကျဲခံရမှုတွင် သေဆုံးသွားကြသည့် ကလေးငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စက်တင်ဘာလ ၅ ရက်နေ့ ညပိုင်း ဖယ်ခုံ၊ စစ်ရှောင်စခန်း ဗုံးကျဲခံရမှုတွင် သေဆုံးသွားကြသည့် ကလေးငယ်များ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article