24.8 C
Yangon

မိတ္တီလာ၊ နန်းတော်ကုန်းရပ်ကွက်၊ သံလမ်းအနီးရှိ ရဲကင်းတွင် ဗုံးပေါက်ကွဲပြီး ရဲ ၁ ဦး ခြေထောက်ပြတ်ကာ လူ ၂ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ နန်းတော်ကုန်းရပ်ကွက်၊ သံလမ်းအနီးရှိ ရဲကင်းတွင် ဗုံးပေါက်ကွဲပြီး ရဲ ၁ ဦး ခြေထောက်ပြတ်ကာ လူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီအချိန် မိတ္တီလာမြို့နယ်၊ နန်းတော်ကုန်းရပ်ကွက်၊ ရထားသံလမ်း မီးပွိုင့်အကျော်ရှိ ရဲကင်းတွင် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ရဲ ၁ ဦး ခြေထောက်ပြတ်သွားပြီး လူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ဆိုင်ကယ်အများအပြား ပျက်စီးကြောင်း သိရှိရသည်။

“မနက် ၈ နာရီလောက်မှာ မိတ္ထီလာ နန်းတော်ကုန်းရပ်ကွက် သံလမ်းနားက အစောင့် ရဲကင်းနား ဗုံးကွဲတယ်။ ရဲ ၁ ဦး ခြေထောက်ပြတ်တယ်။ အခြား အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ ထိခိုက်သူတွေ ဒဏ်ရာပြင်းထန်တယ်။ ဆိုင်ကယ်တွေကတော့ အများကြီးပဲ ပျက်စီးတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က မိတ္တီလာမြို့ကို ပိတ်ဆို့ စစ်ဆေးမှုများ လုပ် ဆောင်ခဲ့ပြီး ဂိတ်ချ စစ်ဆေးမှုများကိုလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယနေ့ နံနက်ပိုင်း မိတ္တီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်ရဲကင်းတွင် ဗုံးပေါက်ကွဲမှု မြင်ကွင်းများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article