24.8 C
Yangon

မြန်မာနိုင်ငံမှ ရေဘေးသင့်ပြည်သူ ကူညီထောက်ပံ့ရေး အပါအဝင် လိုအပ်သောနေရာများသို့ ပံ့ပိုးထောက်ပို့နိုင်ရေး ရန်ပုံငွေရှာဖွေပွဲအဖြစ် အဆိုတော်ချမ်းချမ်း၏ ဖျော်ဖြေပွဲများ ဂျပန်နိုင်ငံတွင် ဆက်တိုက် ပြုလုပ်မည်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

မြန်မာနိုင်ငံရှိ လိုအပ်နေသော နေရာများသို့ ကူညီထောက်ပံ့နိုင်ရေး ရန်ပုံငွေရှာဖွေပွဲအဖြစ် အဆိုတော်ချမ်းချမ်း၏ ဖျော်ဖြေပွဲများ ဂျပန်နိုင်ငံရှိ တွင် မြို့ကြီးများတွင် ဆက်တိုက် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

“Chan Chan Charity Concert Japan” ကိုဂျပန်ရှိ မြို့ကြီးငါးမြို့ ဖြစ်သော Tokyo ၊ Nagoya ၊ Osaka ၊ Kyushu ၊ Fukuyama (Hiroshima ) တို့တွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပထမဆုံးပွဲဦးထွက်ကို Tokyo မြို့တွင် စက်တင် ဘာလ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ပွဲကြည့်ပရိတ်သတ် ၁၃၀၀ ခန့်နှင့် စေတနာ့ဝန်ထမ်း အင်အား ၂၀၀ ခန့်တို့ပါဝင်ကာစည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပြီးစီးခဲ့ကြောင်း၊ ထိုပွဲတွင် Tokyo မြို့တော်လှန်ရေးလူငယ်များနှင့်ဖွဲ့ထားသော One Plus One Band အဆိုတော်ချမ်းချမ်းနှင့်အတူ မြန်မာ့အနုပညာ၊ ဝါသနာရှင်လူငယ်များက လည်း မြန်မာ့ရိုးရာအကအလှများကို ချမ်းချမ်းနှင့်အတူ လိုက်ဖက်ညီစွာတင်ဆက်ကပြဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။

ဂီတဖျော်ဖြေပွဲတွင် ပန်းချီဆရာကြီးဦးခင်မောင်ရင်၏ပန်းချီကား ချမ်းချမ်း CDလေလံတင်ခြင်း PRF memberများလက်ခံခြင်း နွေဦးထီနှင့် အမှတ်တရပစ္စည်းများရောင်းချခြင်း အစရှိသည်များ ပါရှိပြီး ပွဲမှရရှိသောအကျိုးအမြတ်များအားလုံးကို မြန်မာနိုင်ငံလိုအပ်သောနေရာများသို့ ပေးပို့သွားမည်ဖြစ် ကြောင်း၊ ကျန်ရှိနေသောပွဲစဉ်များကိုလည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ NAGOYA တွင်လည်းကောင်း၊ စက်တင်ဘာလ ၂၂ ရက်နေ့ OSAKA တွင်လည်းကောင်း၊ စက်တင်ဘာလ ၂၈ ရက် နေ့ KYUSHU တွင်လည်းကောင်း၊ စက်တင်ဘာလ ၂၉ ရက်နေ့ FUKUYAMA တွင်လည်းကောင်း ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article