24.8 C
Yangon

မြိတ်မြို့မှ ထားဝယ်ဘက်ကို လေယာဉ်ဆီပေပါများ တင်ဆောင်လာသော စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ငါးဖမ်း စက်လှေ ၂ စီးကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၇

တနင်္သာရီတိုင်း၊ မြိတ်မြို့မှ ထားဝယ် ဘက်ကို လေယာဉ်ဆီပေပါများ တင်ဆောင်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ငါးဖမ်း စက်လှေ ၂ စီးကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ထား၀ယ်မြစ်အတွင်း ရောက်ရှိလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် လေယာဉ်ဆီ တင်ဆောင်လာသော ငါးဖမ်းစက်လှေ ၂ စီးကို လောင်းလုံး ပကဖ ရဲဘော်များက ကြားဖြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စက်လှေ ၂ စီးပေါ်တွင် လေယာဉ်ဆီ ပေပါပုံးများ တင်ဆောင်လာပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦး ခန့် လိုက်ပါလာကြောင်း၊ ယင်း ပစ်ခတ် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

“အကြမ်းဖက် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ အတည်တော့မပြုနိုင်သေးဘူး ဆက်လက် စုံစမ်းနေတယ်။ အခုစက်လှေတွေကတော့ ထားဝယ်မြစ်ဆိပ်မှာ ကမ်းကပ်ထားတယ်” ဟု လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article