29 C
Yangon

ရေဦးမြို့နယ်တွင် ခရီးသည်တင် ကား ၁ စီး မိုင်းထိမှန်ပြီး အမျိုးသမီး ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် ခရီးသည်တင် ကား ၁ စီး မိုင်းထိမှန်ပြီး အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့တွင် မန္တလေးမှ ရေဦးမြို့နယ် ဘက်ကို ခရီးသည်များ တင်ဆောင်လာသည့် အောင်ရတနာကားအသင်းမှ အံစာတုံးကား ၁ စီးသည် ရေဦးမြို့နယ် တောင်ဘက်ခြမ်း မူးသာကုန်းရွာနှင့် ဆည်ကြီးရွာ အကြား ကွန်ကရစ်လမ်းအဆုံး တစ်နေရာတွင် မိုင်းစထိမှန်ပြီး အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးသည်တင်ကားသည် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းမဟုတ်ဘဲ လမ်းဘေးတွင် ကျေးရွာ ပကဖ ရဲဘော်များ ထောင်ထားတဲ့ မိုင်း error ဖြစ်၍ ပေါက်ကွဲမှု ဖြစ်ပွားစဉ် မိုင်းစ ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မန္တလေးကနေ ရေဦးဘက်ကို ပြန်လာတဲ့ ခရီးသည်တင် ကား ၁ စီး ရေဦးနယ် တောင်ဘက်ခြမ်း မူးသာကုန်းရွာနဲ့ ဆည်ကြီးရွာကြား ကွန်ကရစ်လမ်းအဆုံး တစ်နေရာမှာ မိုင်း error ဖြစ်ပြီး ပေါက်ကွဲထိမှန်ခဲ့တယ်။ သေဆုံးသူက မန္တလေးကနေ ဆေးကုပြီး ပြန်လာတာ ကားခေါင်းခန်း ထဲလိုက်ပါလာတဲ့ အမျိုးသမီးကြီး ၁ ဦး ညာဘက်နဖူး မိုင်းစ ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားတယ်။ အခုရက်ပိုင်း နေပူလိုက် မိုးရွာလိုက်ဆိုတော့ သူ့အလိုလို error ဖြစ်ပြီး ကားလာတဲ့အချိန် ထပေါက်ကွဲသွားတာလို့ သိရတယ်။ မိုင်းမှားဆွဲလိုက်လို့ ထိခိုက်တာတော့မဟုတ်ဘူး။ သူ့အလိုလိုထပေါက်ကွဲတာ ကားလည်း မိုင်းစ ထိမှန်ပြီး မှန်တွေပါ ထိခိုက်သွားတယ်။ ကျေးရွာ ပကဖ ရဲဘော်တွေ ထောင်ထားတဲ့ မိုင်းလို့ သိရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article