27 C
Yangon

TNLA သိမ်းပိုက်ထားသော နောင်ချိုမြို့ကို အကြမ်းဖက် စစ်ကောင်စီက ယနေ့ နံနက် ၃ နာရီအချိန် လေယာဉ်ဖြင့် ဗုံးများကျဲချမှု နေအိမ်များ ထိခိုက်ပျက်စီး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA သိမ်းပိုက်ထားသော နောင်ချိုမြို့ကို အကြမ်းဖက် စစ်ကောင်စီက ယနေ့ နံနက် ၃ နာရီအချိန် လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ရာ နေအိမ်များ ထိခိုက်ပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၃ နာရီအချိန် နောင်ချိုမြို့နယ်၊ ဘူတာရပ်ကွက်၊ အကွက် ၁ ၊ နယ်မြေ ၄ သို့ အကြမ်းဖက်စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ လူထိခိုက်မှုမရှိသော်လည်း နေအိမ်များ ထိခိုက်ပျက်စီးမှုရှိကြောင်း၊ နံနက်အစောပိုင်း အိပ်မောကျချိန်ဖြစ်၍ ပြည်သူများ စိုးရိမ်ထိတ်လန့်ခဲ့ရပြီး ဗုံးဒဏ်ခံနိုင်မည့် အဆောက်အအုံနှင့် ဗုံးခိုကျင်းများထံသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ဒေသပြည်သူများက ဆိုကြသည်။

” ဗုံးလာကျဲတဲ့ လေယာဉ်သံက အရမ်းကိုဆူညံပါတယ်။ လှည့်ပတ်ပျံဝဲပြီးတော့မှ ဗုံးတွေ ကျဲချသွားတာ။ ဗုံး ၈ လုံးလောက်ရှိမယ်။ ပေါက်ကွဲတာက ၈ ချက်။ နှစ်ကြိမ်ကျဲချတာ။ လူထိခိုက်မှုမရှိဘူး။ နောက်တစ်ကျော့ပြန်လာကျဲမှာစိုးလို့ ဗုံးဒဏ်ခံနိုင်တဲ့နေရာတွေကို မနက်အစောကြီး ထရွှေ့ကြရတယ်။ ပြန်အိပ်မပျော်တော့ဘူး။ အရင်ရက်တွေကလည်း လေယာဉ်တွေ ခဏခဏဝဲတယ်” ဟု နောင်ချိုမြို့မှ ပြည်သူတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည် သိမ်းပိုက်ရေး စီမံချက်ဖြင့် ရန်နိုင်မင်း စစ်ဆင်ရေးကို အကောင် အထည် ဖော်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကရင်နီပြည်ထဲသို့ လေယာဉ်ဖြင့် ဗုံးကျဲမှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်လာကြောင်း၊ စက်တင်ဘာလ ၅ ရက်နေ့နှင့် စက်တင်ဘာလ ၆ ရက်နေ့တွင် နမ့်ခမ်းနှင့်ဖယ်ခုံမြို့တို့ကို စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်သဖြင့် ကလေး ၇ ဦး အပါအဝင် ပြည်သူ ၂၀ ဦးသေဆုံးခဲ့ရသည်။

ဓာတ်ပုံ – နောင်ချိုမြို့သို့ စစ်ကောင်စီက ယနေ့ နံနက် ၃ နာရီအချိန် လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် အပျက်အစီးများ။

Photo- Yone Yone

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article