27 C
Yangon

မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရန်ပြင်ဆင်နေသည့် Dark Shadow ရဲဘော် ၂ ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ လေဆိပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက် ခိုက်ရန် ပြင်ဆင်နေသည့် Dark Shadow ရဲဘော် ၂ ဦး ဖမ်းဆီးခံလိုက်ရကြောင်း အဆိုပါတပ်ဖွဲ့မှ တာဝန်ခံ ရဲဘော်အရိပ်(ပန်ဒါ)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၅ ရက်နေ့ ညပိုင်း Dark Shadow အဖွဲ့၏ စစ်ဆင်ရေးအဖြစ် ပြည်သူများ၏ နေအိမ်များနှင့် စစ်ဘေးရှောင်စခန်းများကို နေ့စဉ် ရက် ဆက် ဗုံးကျဲတိုက်ခိုက်နေသော စစ်ကောင်စီ၏ မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ရန် ပြင်ဆင်ခဲ့ကြောင်း၊ ထိုသို့ ပြင်ဆင်နေချိန် တော်လှန်ရေးတပ် သား ၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်သဖြင့် စစ်ဆင်ရေးမှ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ စစ်ဆင်ရေးတွင် ပါဝင်သော အခြား အရိပ်တပ်သားများမှာ လုံခြုံဘေးကင်းစွာဖြင့် ရန်ကုန်မှ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း၊ စစ်ဆင်ရေးတွင် မပါဝင်သော အခြား အရိပ် တပ်သားများမှာလည်း တာဝန်ကျရာနေရာများတွင် ဆက်လက် တာဝန်ထမ်းဆောင်နေကြောင်း သိရှိရသည်။

“Mission Fail ဖြစ်ပြီး ရဲဘော် ၂ ဦး အဖမ်းခံရတယ်” ဟု Dark Shadow တပ်ဖွဲ့မှ တာဝန်ခံ ရဲဘော်အရိပ်(ပန်ဒါ)က ရှင်းလင်းပြောဆိုသည်။

မှော်ဘီလေတပ်ကို တိုက်ခိုက်မည့် ယခု စစ်ဆင်ရေး မအောင်မြင်ခဲ့သော်လည်း တော်လှန်ရေး ပြီးဆုံးသည်အထိ စစ်ကောင်စီကို ရရာနေရာမှ အမြစ်ဖြတ်တောင်လှန်သွားမည်ဖြစ်ကြောင်း Dark Shadow အဖွဲ့က ကတိပြုထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article