27 C
Yangon

ဆိုင်းတောင်၊ ရပ်ကွက် ၄ နှင့် ကျောက်သွေးတောင်ရပ်ကွက်နှင့် ဗန်းမော်မြို့နယ်၊ မြလယ်ကျေးရွာကို စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးများကျဲချ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရှိ ရပ်ကွက် ၄ နှင့် ကျောက်သွေးတောင်ရပ်ကွက်ကို စစ်ကောင်စီတပ်များက လေယာဉ်ဖြင့် ဗုံးများ ကျဲချတိုက်ခိုက်ခဲ့ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁ နာရီကျော်အချိန် စစ်ကောင်စီ၏ တိုက်လေယာဉ်များက ဆိုင်းတောင်ရှိ ရပ်ကွက် ၄ နှင့် ကျောက်သွေးတောင်ရပ်ကွက်ကို ဗုံးများကျဲချသွားကြောင်း၊ လက်ရှိအချိန်အထိ အထိအခိုက် စာရင်းမသိရှိရသေးသော်လည်း ပြည်သူများမှာ စစ်ဘေးရှောင်နေပြီဖြစ်၍ ဆိုင်းတောင် နေရာအများစုတွင် ပြည်သူများ မရှိတော့ကြောင်း သိရှိရသည်။

“အခုလည်း ချနေကြတယ်။ ဒီမနက် ၁ နာရီမှာ လေယာဉ်နဲ့ ဗုံးကျဲချတာ။ ဆိုင်းတောင် ရပ်ကွက် ၄ နဲ့ ကျောက်သွေးတောင်ကို လေယာဉ်တွေ လာပြီး ကျဲချသွားတယ်။ လေယာဉ်တွေ ဗုံးကျဲပြီးတော့ တိုက်ပွဲပြန်ဖြစ်နေပြီ။ အပြန်အလှန် ပစ်နေကြပြီ။ အခုဆိုရင် ဖားကန့် ဆိုင်းတောင်မှာ တိုက်ပွဲဖြစ်လာတာ ၁၃ ရက်ရှိနေပြီ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီအချိန် ဗန်းမော်မြို့နယ်၊ မြလယ်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံးများကျဲချခဲ့​ကြောင်း၊ ဗုံးကျဲမှုကြောင့် အထိအခိုက် ပျက်စီးမှု အခြေအနေများ မသိရှိရသေးသော်လည်း စစ်ကောင်စီတပ်၏ စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ယင်းကဲ့သို့ ဗန်းမော်မြို့နယ်အတွင်းတွင် စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးများကျဲချခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်သင်္ဘောတွေ အထိနာတော့ လေကြောင်းကနေ မည်းမည်းမြင်ရာ ဗုံးကျဲနေတဲ့သဘောဖြစ်တယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article