27 C
Yangon

ပုသိမ်တွင် ဌာနဆိုင်ရာ သတင်း ပေါက်ကြားမှု သံသယဖြင့် စစ်ဆေးခံနေရသည့် ရဲတပ်ကြပ်ကြီး မင်းမင်းက စစ်ဆေးရေး အရာရှိ ဒုရဲမှူးကြီး အောင်နေလင်း အပါအဝင် ရဲအရာရှိ ၃ ဦးကို ဓားဖြင့်ထိုးမှု ဒုရဲမှူး ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၉

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ ရဲသတင်းတပ်ဖွဲ့ရုံးတွင် ဌာနဆိုင်ရာ သတင်းပေါက်မှု သံသယဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် ရဲတပ် ကြပ်ကြီးမင်းမင်းက စစ်ဆေးရေးအရာရှိ ဒုရဲမှူးကြီးအောင်နေလင်း အပါအဝင် ရဲအရာရှိ ၃ ဦးကို ဓားဖြင့်ထိုးခဲ့ရာ ဒုရဲမှူး အောင်ကို မင်း သေဆုံးပြီး ကျန် ရဲအရာရှိ ၂ ဦးမှာလည်း ဒဏ်ရာရရှိသွားကြောင်း ပုသိမ်အခြေစိုက်တော်လှန်ရေး သတင်းရင်းမြစ်နှင့် ရဲတပ်ဖွဲ့သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်တွင် ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်ရှိ ရဲသတင်းတပ်ဖွဲ့ ရုံးတွင် နေပြည်တော်မှ ဆင်းလာသော ဒုရဲမှူးကြီးအောင်နေလင်း၊ ဒုရဲမှူးဇော်မင်း၊ ဒုရဲမှူး အောင်ကို မင်းတို့ကို ဖမ်းဆီးစစ်ဆေးခံနေရသည့် ပုသိမ်မြို့ ရဲသတင်း တပ်ဖွဲ့ဝင် တပ်ကြပ်ကြီးမင်းမင်းက ဓားဖြင့် လိုက်လံ ထိုးခဲ့ကြောင်း၊ ဒုရဲမှူးအောင်ကိုမင်းသည် ဓားဖြင့်လည်ပင်းထိုးခံရကာ သေဆုံးခဲ့ကြောင်း၊ ဒုရဲမှူး ကြီး‌ အောင်နေလင်းမှာမူ ဓားဖြင့် အထိုးခံရသဖြင့် ဗိုက်ပွင့်ထွက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဒုရဲမှူးဇော်မင်းမှာမူ ဓားဖြင့် အထိုးခံရသဖြင့် ဗိုက်ရှပ်ထိ ထိုးသွင်းဒဏ်ရာ၊ ပေါင်ထိုးသွင်းဒဏ်ရာဖြင့်လည်းကောင်း ပုသိမ်ဆေးရုံကြီးသို့ တင်ပို့လိုက်ရကြောင်း သိရသည်။

“ဓားနဲ့ထိုးတဲ့တပ်ကြပ်ကြီးမင်းမင်းက ပုသိမ်မှာတာဝန်ကျနေတာ အတော်ကြာပြီ၊ တောက်လျှောက် ပုသိမ်မှာနေတာ၊ ဆရာကြီးတွေ၊ ဘယ်လိုဖြစ်တာလဲမသိဘူး။ ဓားနဲ့ထိုးလို့ ဒုရဲမှူးအောင်ကိုမင်းတစ်ယောက်ပဲ သေတာ၊ လည်ပင်းထိုးမိသွားတာ၊ ဒုရဲမှူး ဇော်မင်းက ဗိုက်ရှပ်ထိနဲ့ ပေါင်နဲ့ထိုးမိတာ၊ သူက ဒဏ်ရာ သိပ်မကြီး။ ဒုရဲ မှူးကြီးနေအောင်လင်းကတော့ ဗိုက်ပွင့်သွားတာ၊ သူကလည်း ပြန်သက်သာပြီလို့ သိရတယ်။” ဟု ရဲတပ်ဖွဲ့သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ ရဲအရာရှိ ၃ ဦးကို ဓားဖြင့်ထိုးခဲ့သည့် တပ်ကြပ်ကြီးမင်းမင်းသည် နံနက်ပိုင်းတွင် ထွက်ပြေးခဲ့သော်လည်း ညနေပိုင်း တွင် ပြန်လည် ဖမ်းဆီးခံလိုက်ရကြောင်း၊ ဓားဖြင့် ထိုးသည့် ဖြစ်စဉ် အပါအဝင် သတင်းပေါက်ကြားမှု၊ ရခိုင်ပြည်နယ်အတွင်း စက်သုံးဆီများ ခိုးသွင်းမှုတို့နှင့်ပတ်သက်၍ ၎င်းကို ထပ်မံစစ်ဆေးရန် ဒုရဲမှူးကြီး အောင်နေမျိုးကို ဆက်လက် တာဝန်ပေးထားကြောင်း သိရသည်။

“အခုဓားနဲ့ထိုးတဲ့ တပ်ကြပ်ကြီးမင်းမင်းက ပုသိမ်မှာ တာဝန်ကျနေတာ ၁၈ နှစ်လောက်ရှိပြီ။ သူက လောင်းကစား၊ မူးယစ်ဆေး၊ သစ်မှောင်ခို၊ ဆီမှောင်ခိုလုပ်ငန်းတွေဆီကနေ ငွေယူပြီး လုပ်စားနေတာ ကြာပြီ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုတွေတော်တော်များများလည်း သူ့ ကြောင့်ဖမ်းဆီးခံရတာတွေရှိတယ်၊ မိသားစုဝင်တွေကိုလည်း ငွေညှစ်တာတွေရှိတယ်” ဟု ပုသိမ်အခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ပုသိမ်မြို့ရှိ ရဲတပ်ဖွဲ့ဝင်များကို ရခိုင်ပြည်နယ်၊ရှေ့တန်းစစ်မြေပြင်သို့ စေ လွှတ် မည့်သတင်းပေါက်ကြားမှု နှင့် ရခိုင်ပြည်နယ်အတွင်းသို့ စက်သုံးဆီများခိုးသွင်းနေသည်ဆိုသော တိုင်ကြားချက်များကြောင့် ရဲတပ်ကြပ်ကြီး မင်းမင်းနှင့် ရဲသတင်း တပ်ဖွဲ့ဝင် တပ်ကြပ်ဇော်ကြီးတို့ကို နေပြည်တော်က ဖမ်းဆီးစစ်ဆေးရန် လုပ်ဆောင်ခဲ့ကြောင်း၊ သို့ရာတွင် ရဲတပ်ကြပ် ဇော်ကြီးမှာ ထွက်ပြေးလွတ် မြောက်သွားခဲ့ပြီး ရဲတပ် ကြပ်ကြီး မင်းမင်း တစ်ဦးတည်းသာ ဖမ်းဆီးစစ်ဆေးခံနေရခြင်းဖြစ် ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရဲတပ်ကြပ်ကြီး မင်းမင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article